နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ကောင်စီစစ်ကြောင်းက ရွာ (၃) ရွာကို မီးရှို့ဖျက်ဆီးခဲ့၊ ဒီပဲယင်းမှာ အိမ်ခြေပေါင်း (၆၀၀၀)ကျော်အထိ မီးရှို့ခံရပြီး အကူအညီတွေလိုအပ်နေ

ဒီဇင်ဘာလ (၁၈)ရက်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ရွာ (၃)ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလ (၁၇)ရက်နေ့က အောင်ချမ်းသာကျေးရွာနဲ့ ပင်စည်ကျေးရွာကို မီးရှို့ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ (၁၈)ရက်မှာ ခွန်တောင်း(ခွင့်တောင်း)ရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ခွန်တောင်း(ခွင့်တောင်း)ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုဂံကျေးရွာကို ဝင်ရောက်နေပြီဖြစ်တာကြောင့် စစ်ကြောင်းဦးတည်ရာ ကျေးရွာတွေ ကြိုတင်တိမ်းရှောင်ကြဖို့ အသိပေးထားပါတယ်။

ဒီပဲယင်းမြို့နယ်ညီနောင်များအနေနဲ့ မီးဘေးသင့်ပြည်သူတွေကို ကနဦး တစ်အိမ်ထောင်စုကို (၃၀၀၀၀)ကျပ်နှုန်းနဲ့ အကူအညီပေးခဲ့ပြီး အိမ်ခြေအရမ်းများလာတဲ့အတွက် တစ်အိမ်ထောင်စုကို ဆန်(၂)ပြည်နဲ့ ငွေတစ်သောင်းကျပ်သာ အကူအညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ဒီပဲယင်းမှာ ပရောဂျက်ဆိုလား NGO ဆိုလား ကူညီတာတွေရှိတယ်။ ရရှိတဲ့ကျေးရွာတွေသာ အကြိမ်ကြိမ်ရနေတာတွေ တွေ့ရတယ်။ မီးဘေးသင့်မဟုတ်တဲ့သူတွေလည်း အမည်စာရင်းတွေနဲ့ အကူအညီရနေတာတွေ တွေ့ရတယ်။ ဒါကို မြို့နယ် ပအဖ-လူသားချင်းစာနာမှု တာဝန်ခံနဲ့ အကူအညီပေးတဲ့အဖွဲ့တွေကို ဆက်သွယ်အသိပေးထားတယ်” လို့ အဖွဲ့က ဆိုပါတယ်။

ဒါ့ပြင် NUG အစိုးရက ထောက်ပံ့ကူညီငွေ ကျပ်(၃၇၄)သိန်းကျော် ရရှိထားတယ်လို့ သိရပြီး အစည်းအဝေးတစ်ခုမှာ မြို့နယ်အလိုက် မီးဘေးသင့်ကူညီငွေစာရင်း အကြမ်းဖျင်းကို ချပြဖို့ ပြောဆိုခဲ့ပေမယ့် လုံခြုံရေးအရ ပြောဆိုလို့မရဘူးလို့ ပြန်လည်ပြောသွားခဲ့တာကို အဖွဲ့က ထည့်သွင်းပြောဆိုထားပါတယ်။

“ တော်လှန်ရေးကာလမှာ ပျာကျနေရတဲ့ ပြည်သူတွေကို တစ်ကျပ်စီပဲရရ ဆန်တစ်ပြည်ပဲရရ မျှတတာကို လိုလားပါတယ်။ မမျှတတာတွေကို တော်လှန်ရင်း ပျာကျသွားတဲ့နောက် မမျှတတာတွေ ထပ်ရင်ဆိုင်နေရတဲ့ မီးဘေးသင့်ပြည်သူတွေအခြေအနေကို အကူအညီတွေ မျှတစွာရရှိဖို့ အသိပေးတာပါ” လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းပြီး ပျူစောထီးရွာကင်းစင်တဲ့ ဒီပဲယင်းမြို့နယ်မှာ အိမ်ခြေပေါင်း (၆၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 23 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 47 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 40 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 26 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 28 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 26 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 33 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 40 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်