စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတာကျေးရွာနဲ့ တိုက်ကုန်းရွာတို့ကို စစ်တပ်က လေကြောင်းကနေ ဇန်နဝါရီ (၁၈) ရက် ညနေပိုင်းမှာ ပေါင် ၅၀၀ ရှိတဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတွေ သေဆုံးပြီး နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၆)ဦး သေဆုံးခဲ့ပြီး (၃၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကသာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကေင်စီတပ်များနှင့် ပကဖ၊ ABSDF မဟာမိတ်ပူးပေါင်းအဖွဲ့တို့ အကြားမှာ ဒီကနေ့ ဇန်နဝါရီ (၁၈) ရက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်ပွဲ ပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ မိုးတားရွာ စေတီရပ်နဲ့ တိုကကုန်းရွာတို့ကို ပေါင် (၅၀၀) မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
MoeZ/Era’sEyes