နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့ မန်းကျည်းကန်ရွာ‌ဆေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်

ဒီကနေ့ နံနက် ၁၁ ခန့်အချိန်ခန့်က မကွေးတိုင်း မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေတဆင့် ‌သိရပါတယ်။

“ Mi35နဲ့ ဆေးခန်းနေရာကိုပစ်တာ Mi17 တစ်စီးနဲ့ အသွားအပြန် နှစ်ခေါက် (၅၀ ခန့်) လူချသွားတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ မှန်တယ်လို့ ပြောပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ We love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့ မန်ကျည်းပင်ရွာ ဆေးခန်းနေရာက ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေဖြစ်တယ်လို့လည်းဆိုပါတယ်။

“ ဆေးခန်းနေရာမှာ ကာကွယ်ရေးတပ်ဖွဲတွေရှိနိုင်တယ် ဒလန်သတင်းပေးကြောင့်လို့ပဲ ကနဦး ကောက်ချက်ချထားတာ” ဟု ပခုက္ကူခရိုင်တပ်ရင်း ၁၉ တာဝန်ခံတစ်ဦးက ဆိုပါတယ်။

ဆေးခန်းဝန်းကျင်မှာ အရပ်သားပြည်သူတွေလည်း ရှိတဲ့အတွက် အထိအခိုက်ရှိနိုင်တယ်လို့‌ ဆိုပေမယ့် ခေတ်မျက်လုံးအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ။ ရုရှားနိုင်ငံထုတ် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 14 Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့
မြန်မာသတင်း

YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 89 Views
စက်တင်ဘာလ (၂၀)ရက်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YRF တပ်ဖွဲ့ထဲ
မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 86 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို ခေတ်မျက်လုံးကနေတင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 85 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နယ်မြေထဲ နယ်မြေလုံခြံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 83 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုလေ့ကျင့်ရေး(၈)က ခွေးတပ်နဲ့ ရွှေဘို
မြန်မာသတင်း

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားဖို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 71 Views
စက်တင်ဘာလ (၂၀)ရက်။ မောင်တောခရိုင်က နေရာအချို့ကို ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေ စိမ့်ဝင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌နယ်စပ်ကနေ ခိုးဝင်လာတဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာ တောတောင်တွေနဲ့
မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 70 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ
မြန်မာသတင်း

ရွှေကူမြို့ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 75 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ ‌ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့