နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက်

သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့် အရေးပါသော ရေလမ်းကြောင်းတစ်ခု ဖြစ်သည်။

“ချက်ချင်းအကျိုးသက်ရောက်စေမယ့် အမိန့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားထဲကို ဝင်ရောက်ဖို့ ဒါမှမဟုတ် ထွက်ခွာဖို့ ကြိုးစားတဲ့ ဘယ်လိုသင်္ဘောမျိုးကိုမဆို ပိတ်ဆို့တားဆီးခြင်း (BLOCKADING) လုပ်ငန်းစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်” ဟု ထရန့်က တနင်္ဂနွေနေ့နံနက်တွင် Truth Social ၌ ရေးသားခဲ့သည်။ “တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ ‘အားလုံးကို ဝင်ခွင့် ပေးမယ်၊ အားလုံးကို ထွက်ခွင့်ပေးမယ်’ ဆိုတဲ့ အခြေခံမူကို ရောက်ရှိသွားမှာဖြစ်ပေမယ့် အီရန်ဘက်က အဲဒါကို ခွင့်မပြုခဲ့ပါဘူး”

အီရန်က ရေလက်ကြားကို ရေနံတင်သင်္ဘောများ ဖြတ်သန်းခွင့် ပိတ်လိုက်သည့် ဆုံးဖြတ်ချက် ကြောင့် အရှေ့အလယ်ပိုင်း ရေနံစိမ်းကို အားထားနေရသည့် အချို့နိုင်ငံများတွင် ပြင်းထန် သော စီးပွားရေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ရေနံဈေးနှုန်းများ မြင့်တက်လာစေခဲ့သည်။

သို့ဆိုလျှင် ထရန့်သည် သူကိုယ်တိုင် ပြန်ဖွင့်စေချင်သည့် ရေလက်ကြားကို အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့ (blockade) လိုရသနည်း။

နည်းပညာအရဆိုလျှင် ရေလက်ကြားသည် လုံးဝပိတ်နေခြင်း မဟုတ်ပါ။ အီရန်သည် သင်္ဘောတစ်စင်းလျှင် အခကြေးငွေ ဒေါ်လာ ၂ သန်းအထိ ယူပြီး ရေနံတင်သင်္ဘောအချို့ကို တဖြည်းဖြည်း ဖြတ်သန်းခွင့် ပေးနေသည်။ အရေးကြီးဆုံးအချက်မှာ အီရန်သည် စစ်ပွဲ တစ်လျှောက်လုံးတွင် ၎င်း၏ကိုယ်ပိုင်ရေနံများကို ထိုဒေသအတွင်း အဝင်အထွက် ပြုလုပ်ခွင့် ပေးထားခြင်းဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်း Kpler ၏ အဆိုအရ အီရန်သည် မတ်လအထိ တစ်ရက်လျှင် ပျမ်းမျှ ရေနံစိမ်းစည်ပေါင်း ၁.၈၅ သန်း တင်ပို့နိုင်ခဲ့ပြီး၊ ယင်းမှာ ယခင်သုံးလကထက် တစ်ရက်လျှင် စည်ပေါင်း ၁ သိန်းခန့် ပိုမို များပြားနေသည်။

ရေလက်ကြားကို ပိတ်ဆို့လိုက်ခြင်းဖြင့် ထရန့်သည် အီရန်အစိုးရနှင့် စစ်ဆင်ရေးများအတွက် အဓိက ဘဏ္ဍာရေး အရင်းအမြစ်ကို ဖြတ်တောက်နိုင်မည် ဖြစ်သည်။

ထိုအချက်သည် အစိုးရအဖွဲ့ဘက်က အသုံးမပြုချင်ခဲ့သည့် လက်နက်တစ်ခုပင်ဖြစ်သည်။ အကြောင်းမှာ ရေလက်ကြားကို ပိတ်ဆို့လိုက်ပါက (အီရန်ရေနံကိုပါ တားဆီးလိုက်ပါက) ကမ္ဘာတစ်ဝန်းတွင် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်သွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် အမေရိကန်ရေတပ်သည် အီရန်ရေနံတင်သင်္ဘောများကို ထိုဒေသမှ ဖြတ်သန်း ခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ထိုဒေသမှ စီးထွက်လာသည့် မည်သည့် ရေနံမဆို ရေနံဈေးနှုန်းကို အထိုက်အလျောက် ထိန်းထားနိုင်ရန် ကူညီပေးနိုင်ပါသည်။

အမှန်စင်စစ်၊ အမေရိကန်သည် သင်္ဘောများပေါ်တွင် တင်ဆောင်ထားပြီးသား ဖြစ်နေသော အီရန်ရေနံများကို ရောင်းချနိုင်ရန် မတ်လအတွင်းက ယာယီလိုင်စင် တစ်ခုကို ခွင့်ပြုပေး ခဲ့သေးသည်။

အမေရိကန်သည် အီရန်ရေနံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုများ တလှည့်စီ ပြုလုပ်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီးကတည်းက ထရန့်အစိုးရသည် အီရန်၏ ရေနံစိမ်းရောင်းချမှုများကို ပိတ်ပင်ထားခဲ့သည်။ ပြီးခဲ့သည့်လက ပိတ်ဆို့အရေးယူမှုများကို လျှော့ချရန် ထရန့်၏ ဆုံးဖြတ်ချက်ကြောင့် ရေနံစိမ်းအမြောက်အမြား စျေးကွက်ထဲ ရောက်လာခဲ့သည် – အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန၏ အဆိုအရ စည်ပေါင်း သန်း ၁၄၀ ခန့်ရှိပြီး၊ ယင်းမှာ တစ်ကမ္ဘာလုံး၏ တစ်ရက်ခွဲစာ ရေနံလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် ပမာဏဖြစ်သည်။

သို့သော် တစ်လကြာ ယာယီပိတ်ဆို့မှုဖြေလျှော့ခြင်း (waiver) ၏ ပုံရိပ်မှာ ကြည့်မကောင်း ခဲ့ပါ။ အဆိုပါ လိုင်စင်သည် အီရန်အား ၎င်း၏ ပိတ်ဆို့ထားသော ရေနံများကို ရောင်းချခွင့် ပေးလိုက်သလို ဖြစ်နေပြီး၊ ယင်းမှရရှိသော ငွေများမှာ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကို တိုက်ခိုက်နေသည့် စစ်ပွဲအတွက် ဘဏ္ဍာငွေ ဖြစ်သွားစေသည်။ ထို့အပြင် အီရန်သည် ၎င်း၏ရေနံကို နိုင်ငံတကာ စံနှုန်းဖြစ်သည့် Brent crude စျေးထက် ဒေါ်လာအနည်းငယ် ပိုတင်ပြီး ရောင်းချနိုင်ခဲ့သဖြင့် အမြတ်အစွန်း အများအပြား ရရှိခဲ့သည်။

လောင်စာဆီစျေးနှုန်း မြင့်တက်မှုအပေါ် လူထုဒေါသထွက်လာခြင်းကြောင့် ထရန့်အစိုးရ အပေါ် စစ်ပွဲကို အဆုံးသတ်ရန် ဖိအားဖြစ်စေခဲ့ပြီး၊ ရေနံစည် သန်းပေါင်းရာချီ ထုတ်လွှတ် ပေးလိုက်ခြင်းက အစိုးရအတွက် အချိန်အနည်းငယ် ဆွဲနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။ အီရန်သည် မည်သို့ပင်ဖြစ်စေ ရေနံကို ရောင်းချနေမည်ဖြစ်သောကြောင့် ပိတ်ဆို့မှုများကို လျှော့ချ ပေးလိုက်ခြင်းက ရေနံများကို အီရန်၏ အကြီးဆုံးဖောက်သည်ဖြစ်သော တရုတ်နိုင်ငံသို့သာ သီးသန့်သွားနေမည့်အစား အနောက်နိုင်ငံများပါ ဝယ်ယူနိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့သည် စစ်ပွဲဆင်နွှဲနေစဉ်အတွင်း ရေနံစျေးနှုန်းကို ထိန်းထားနိုင်ရန် နည်းလမ်းမျိုးစုံ ကို ကြိုးစားရှာဖွေခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အရေးပေါ် ရေနံအရန်သင့် သိုလှောင်မှုများကို သမိုင်းဝင်ပမာဏအထိ ထုတ်လွှတ်ရန် ညှိနှိုင်းခဲ့သလို၊ ပြီးခဲ့သည့်လတွင် ထရန့်အစိုးရသည် ရုရှားရေနံစည် သန်းပေါင်းရာချီအပေါ် ပိတ်ဆို့မှုများကိုလည်း လျှော့ချပေးခဲ့သည်။

ယခုအခါတွင်မူ ထရန့်သည် စစ်ပွဲကို အဆုံးသတ်ရန် အီရန်အပေါ် ဖိအားအမြင့်ဆုံး ပေးနိုင် ရေး အတွက် ရေနံနှင့် လောင်စာဆီစျေးနှုန်းများ ပိုမိုမြင့်တက်သွားနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ကာ ရေလက်ကြားကို ပိတ်ဆို့ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ဝါရှင်တန်ဒီစီရှိ Joint Base Andrews သို့ သွားရောက်ရန် အိမ်ဖြူတော်မှ ထွက်ခွာစဉ် သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေစဉ်။ Annabelle Gordon/Reuters(ဓါတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က အိုမန်နိုင်ငံ မူဆန်ဒမ်ပြည်နယ် ကမ်းလွန်ရှိ ဟော်မုဇ်ရေလက်ကြားတွင် တွေ့ရသော သင်္ဘောတစ်စင်း။

Stringer/Reuters

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဆင်ခြေဖုံးရှိ ရေနံဓာတုထုတ်လုပ်ရေးအခြေစိုက်စခန်းမှ ရေနံသိုလှောင်ကန်များ။ တရုတ်နိုင်ငံသည် အီရန်၏ တစ်ရက်လျှင် စည်ပေါင်း ၁.၇ သန်းခန့်ရှိသော ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူနေသည်။

Bloomberg/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက