ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နေ့လယ် ၂ နာရီခန့်မှာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်သင်္ကြန်လုပ်နေစဉ် သပိတ်အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက ရှောင်တခင် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီ ထောက်ခံနေတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့သူတွေကတော့ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံနဲ့ မျိုးကိုဝင်းတို့ ဖြစ်ကြောင်း သိရပြီး သူတို့နေအိမ်တွေကိုလည်း စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့လည်း ဒေသခံတွေဆီက သိရှိရပါတယ်။







အလားတူပဲ ဧပြီလ (၁၂) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သာစည်ကျေးရွာနားမှာ ဒေသခံကာကွယ်ရေးအဖွဲ့ရဲ့စခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းလိုက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီ ထောက်ခံနေတဲ့ ဆိုရှယ်မီဒီယာကနေ သိရှိရပါတယ်။
အဖွဲ့ဝင် (၉) ဦးရဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပြီး တဦးကိုတော့ ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
အဖွဲ့ဝင် ၉ ဦးလုံးရဲ့မျက်နှာတွေမှာလည်း ရိုက်နှက်ခံထားရလို့ သွေးများစွန်းထင်းနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ဓာတ်ပုံ။ Fifty Two News