ကရင်နီပြည် (ကယားပြည်)၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မေ (၁၈) ရက် မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ် (၅) လုံး ပျက်စီးခဲ့ရပြီး မြေပြင်ကနေပါ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ဒေါလျားခူကျေးရွာနဲ့ ဖဲလျားကျေးရွာ စာသင်ကျောင်းတွေကို (၃) ကြိမ် လှည့်ပတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါလျားခူကျေးရွာတွင်းမှာရှိတဲ့ နေအိမ် (၅) လုံး ထိခိုက်ပျက်ဆီးခဲ့ရပြီး ဖဲလျားကျေးရွာက စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၁၈ ရက် မနက်ပိုင်းက စတင်ပြီး ဒီမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Era’sEyes | အကြမ်းဖက်စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားရွာစာသင်ကျောင်းနဲ့ ဒေါလျားခူရွာ နေအိမ်ပျက်ဆီးမှု မြင်ကွင်း။