အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မှုကြောင့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် တွင်ကျွဲ၊ နွား သေဆုံးမှု အကောင်အရေအတွက် ၂၀၀၀ ကျော်ရှိ တယ်လို့သိရပါတယ်။
ရသေ့တောင်မြို့နယ်တစ်ခုလုံးတွင်လည်း ကျေးရွာ အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုအမျာအပြား ရှိနေတာဖြစ်ပါတယ်။
အဲဒီ ကျွဲ၊ နွားသေဆုံးမှုဟာ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်းကောက်၊ ချိန်ကလိန်ဘက်မှ သေဆုံးမှုအမျာဆုံးဖြစ်တယ်လို့သိရပါတယ်။ အခြားကျေးရွာတွေကသေဆုံးမှုများရဲ့ စာရင်းတွေကိုမရရှိသေးပါဘူး။









ရသေ့တောင်မြို့နယ်၊ ကျေးရွာများမှာ စားနပ် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
Era’sEyes /Photo – Wai Hin Aung