နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ဘီလာရုစ်နှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး။

ဘီလာရုစ်၏ နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဗယ်လာရီ ရီဗင်ကို (Valery Revenko) နှင့် မြန်မာနိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီး အောင်လင်းထွန်းနှင့် တွေ့ဆုံခဲ့ကြောင်း ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ဘီလာရုစ်သတင်းဌာန BelTA သို့ ပြောကြားခဲ့သည်။


(၁၁) ကြိမ်မြောက် နိုင်ငံတကာလက်နက်နှင့် ကာကွယ်ရေး နည်းပညာပြပွဲ MILEX တွင် တွေ့ဆုံမှုကို ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေး အလားအလာနှင့် လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် ဘီလာရုစ်နှင့် မြန်မာနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များသည် နိုင်ငံတကာအစီအစဉ်များတွင် ပါဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အောက်ပါစာပုဒ်သည် ခေတ်မျက်လုံး၏ ဖြည့်စွက်ဖော်ပြချက်ဖြစ်သည်။

ဘီလာရုစ်နိုင်ငံသည် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် ၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့ပြီး လွတ်လပ်သော နိုင်ငံတခု ဖြစ်လာခဲ့သည်။ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်တွင် အလက်ဇန်းဒါး လူကာရှန်ကိုသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော လွတ်လပ်သော ရွေးကောက်ပွဲတွင် ဘီလာရုစ်နိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်း လူကာရှန်ကိုသည် ဗဟိုချုပ်ကိုင်ထားသော အာဏာရှင်အစိုးရကို ဖွဲ့စည်း ဦးဆောင်ခဲ့ပြီး အတိုက်အခံများကို နှိမ်နင်းခဲ့သည်။

ဘီလာရုစ်သည် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နှင့် အရပ်ဘက် လွတ်လပ်ခွင့်များကို တိုင်းတာရာတွင် လွန်စွာနိမ့်ကျသည်။ ဆိုဗီယက်ခေတ်က မူဝါဒအများအပြားကို ဆက်လက်ကျင့်သုံးခဲ့ပြီး စီးပွားရေးကဏ္ဍကြီးများကို နိုင်ငံတော်ပိုင်အဖြစ် ထားရှိခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဘီလာရုစ်နှင့် ရုရှားတို့သည် ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းကာ ပိုမို ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။


လူကာရှန်ကိုသည် ရုရှားသမတပူတင်ကို သစ္စာခံထားပြီး သူ့နိုင်ငံတွင် အာဏာဆက်လက် ရယူထားနိုင်ရေးအတွက် ပူတင်တောင်းဆိုသည့်အတိုင်း လိုက်လျော၍ ယူကရိန်းကို ရုရှားက ကျူးကျော်သည့်အခါ မိမိနိုင်ငံကို ရုရှားစစ်တပ်အား ဖြတ်သန်းခွင့်ပေးခဲ့သည်။


ဓာတ်ပုံကို ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းအေဂျင်စီ Vayar မှ ကူးယူဖော်ပြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 9 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 9 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 15 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 32 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့