နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှု မှ စွပ်စွဲခံရသူ ငါးဦး ကို စစ်ကောင်စီက သေဒဏ် နှင့် ထောင်တစ်သက်ချမှတ်

ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့မှုက လူငါးဦးကို မေ (၁၈) ရက် မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က မေ (၁၈) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်ငါးဦးဖြစ်တဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ် လိုက်တာပါ။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဥ်အတွက် ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးတို့ကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် စက်တင် ဘာလအတွင်းမှာပဲ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

AAPP ရဲ့ထုတ်ပြန်ချက်တွေအရ ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၁(က) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ တို့နဲ့ သေဒဏ်နှစ်ကြိမ်အထိ စစ်ကောင်စီက ချမှတ်ထားတာ ဖြစ်ပါတယ်။

ကိုကျော်ဝင်းစိုးနဲ့ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့် တို့ကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂၊ လူသတ်မှုကျုးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇၊ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ လူတစ်ဦး ဒါမှမဟုတ် အများကို နာကျင်စေမှု အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ (က) နဲ့ အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု လက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန် အားထုတ်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၂ တို့အတွက် စစ်ကောင်စီက သေဒဏ်နဲ့ ထောင်တစ်သက်စီ ချမှတ်ထားတယ်လို့ AAPP က ဖော်ပြပါတယ်။

Era’sEyes | Photo – စစ်ကောင်စီ / ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုဆန်းလင်းမောင်၊ ကိုကျော်ဝင်းစိုးနဲ့ ကိုဇေယျာဖြိုး တို့ကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည်
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 35 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 36 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 29 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 35 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 28 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့