နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှု မှ စွပ်စွဲခံရသူ ငါးဦး ကို စစ်ကောင်စီက သေဒဏ် နှင့် ထောင်တစ်သက်ချမှတ်

ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့မှုက လူငါးဦးကို မေ (၁၈) ရက် မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က မေ (၁၈) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်ငါးဦးဖြစ်တဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ် လိုက်တာပါ။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဥ်အတွက် ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးတို့ကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် စက်တင် ဘာလအတွင်းမှာပဲ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

AAPP ရဲ့ထုတ်ပြန်ချက်တွေအရ ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၁(က) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ တို့နဲ့ သေဒဏ်နှစ်ကြိမ်အထိ စစ်ကောင်စီက ချမှတ်ထားတာ ဖြစ်ပါတယ်။

ကိုကျော်ဝင်းစိုးနဲ့ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့် တို့ကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂၊ လူသတ်မှုကျုးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇၊ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ လူတစ်ဦး ဒါမှမဟုတ် အများကို နာကျင်စေမှု အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ (က) နဲ့ အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု လက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန် အားထုတ်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၂ တို့အတွက် စစ်ကောင်စီက သေဒဏ်နဲ့ ထောင်တစ်သက်စီ ချမှတ်ထားတယ်လို့ AAPP က ဖော်ပြပါတယ်။

Era’sEyes | Photo – စစ်ကောင်စီ / ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုဆန်းလင်းမောင်၊ ကိုကျော်ဝင်းစိုးနဲ့ ကိုဇေယျာဖြိုး တို့ကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 22 Views
မေလ (၂၂)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung ရဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 16 Views
မေလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန် မရမ်းကုန်းမြို့ အေဝမ်းလမ်းပေါ်မှာ ဗိုလ်ချုပ်ချိုထွန်းအောင် သေနတ်နဲ့ပသ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Golden Valley
မြန်မာသတင်း

ပကဖရဲဘော်တွေ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG တောင်းဆို

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 18 Views
မေလ (၂၂)ရက်။ နှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက်ခြမ်း တမူးမြို့အနီး ခရိုင်ပကဖရဲဘော်တွေ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်ပကဖရဲဘော် (၁၀)ဦးဟာ မေလ (၁၄)ရက်နေ့ကစပြီး
မြန်မာသတင်း

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးကျောင်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ဗိုလ်မှူးအဆင့်အပါအဝင် (၇)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 23 Views
မေလ (၂၁)ရက်။ မနေ့က သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်းကို BWM က ဦးဆောင်ပြီး
မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 31 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ‌ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီတော်လှန်ရေး (၅)နှစ်ထဲမှာ KIA ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်အသုံးပြု
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 20 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 33 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 23 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို