ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင် မှတ်ပုံတင်ဦးစီးဌာနက အရာရှိသုံးဦးကို PDFတွေအပါအဝင် အယောက်၇၀၀ကို ပန်းရောင်ကဒ်ပြုလုပ်ပေးခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတွေပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။
အဲဒီအရာရှိသုံးဦးဟာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေနဲ့ PDFတွေစတဲ့ လူ၇၀၀ကို ပန်းရောင်ကဒ်ပြုလုပ်ပေးတဲ့နေရာမှာ ဘတ်သန်း ၃၀ကျော် တရားမဝင်ယူခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့သုံးလအတွင်း တနေ့လျှင် ပျမ်းမျှ ပန်းရောင်ကဒ် ၁၅ခုမှ ၂၀ခုအထိထုတ်ပေးခဲ့ပြီး ကဒ်တစ်ခုလျှင် ဘတ်လေးသောင်းမှ တစ်သိန်းအထိ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။