နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်သူအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း မုန်းမြို့နယ်အရေးပေါ်ကယ်ဆယ်ရေးကော်မတီထုတ်ပြန်

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းမှာ ပြည်သူလူထုအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ချက်ချင်းရပ်တန့်ဖို့ KNU က ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


မုန်းမြို့နယ်အတွင်း ပြည်သူလူထုကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ မြေပြင်ထိုးစစ်ကို အသုံးပြုပြီး တိုက်ခိုက်နေတဲ့အပေါ် မူး(မုန်း)မြို့နယ်ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဒီကနေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ ပြည်သူကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး ပြန်လည်ရုပ်သိမ်းဖို့အတွက် ထိရောက်တဲ့ အရေးယူတာတွေ ပြုလုပ်ဖို့ ပြည်တွင်းပြည်ပရှိ ကရင်အရပ်ဖက်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

စစ်ဘေးရှောင်တွေရဲ့ လုံခြုံမှုနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
မုန်းမြို့နယ်အတွင်းမှာ ဩဂုတ်လ (၃၁) ရက်ကစပြီး စက်တင်ဘာလ (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၀၁) ကြိမ်၊ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်မှု (၄၅၁) ကြိမ်နဲ့ မြေပြင်စစ်ကြောင်းထိုးကာ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဝင်ရောက်လုယူ၊ ဖျက်ဆီး၊ မီးရှို့တာနဲ့ ရွာထဲ မိုင်းထောင်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၂) ဦး သေဆုံးကာ (၁၀) ဦး ဒဏ်ရာရရှိခဲ့ပြီး (၃) ဦး အတင်းအကြပ် ဖမ်းဆီးခံခဲ့ရကာ ရွာ (၁၅) ရွာက အမျိုးသား (၅၆၈၁) ဦးနဲ့ အမျိုးသမီး (၅၇၀၆) ဦး စုစုပေါင်း (၁၁၃၈၇) ဦးတို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 33 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ