နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

တနင်္သာရီတိုင်းလွှတ်တော်ရဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ကြိုတင်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒေသတွင်းနိုင်ငံရေးအင်အားစုတွေ ဆန့်ကျင်ကန့်ကွက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။

တနင်္သာရီတိုင်းလွှတ်တော်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ကြိုတင်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် မြိတ်နဲ့ ထား၀ယ်ခရိုင် နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRTH)အနေနဲ့ “ တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း” ကို ပွင့်လင်းမြင်သာမှု မရှိဘဲ အတည်ပြုခဲ့တာဟာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအပေါ် မထီမဲ့မြင်ပြုတဲ့ အာဏာရှင်စရိုက်လက္ခဏာဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဆိုပါတယ်။

CRTH ရဲ့ အခုလိုပြုမူလုပ်ဆောင်ခဲ့တာဟာ ပြည်သူက ယုံကြည်စွာအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းပါ ကတိက၀တ်တွေ၊ စံတန်ဖိုး၊အနှစ်သာရတွေနဲ့ သွေဖည်ဆန့်ကျင်နေတယ်လို့ ရေးသားထားပါတယ်။

NLD ရဲ့ ထုတ်ပြန်ချက်မှာလည်း အင်အားစုတွေကို ဖိတ်ခေါ်ပြီး လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖော်သည်ဟု ဖော်ပြထားတာဟာ နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထား၊ ဆွေးနွေးချက်တွေအပေါ် အပြန်အလှန် လေးစားမှုမရှိဘဲ ပြည်သူရဲ့အသံတွေကို မထီမဲ့မြင်ပြုတာဖြစ်တယ်လို့ မြိတ်ခရိုင်နိုင်ငံရေးအင်အားစုက ပြောဆိုထားပါတယ်။

CRTH ရဲ့ (၅) ဦးကော်မတီနဲ့ တွေ့ဆုံခဲ့ချိန်မှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ချပြလာတဲ့အပေါ် ကြိုတင်‌အသိပေးထားတာ၊ ပွင့်လင်းမြင်သာမရှိတာအပြင် ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ ကိုက်ညီမှုမရှိတာကြောင့် လက်ခံသဘောတူခဲ့တာမရှိဘူးလို့ ဖော်ပြထားပါတယ်။

အခုလုပ်ရပ်ဟာ NUG အစိုးရ ကြွေးကြော်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တစ်ရပ် ဖော်ဆောင်မယ်ဆိုတဲ့အချက်ကို သွေဖည်နေကာ နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ကို အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့် CRTH အနေနဲ့ နောက်နောင်မည်သည့်အခါမှ ဆက်လက်လုပ်ဆောင်တာမပြုဖို့ သတိပေးထားပါတယ်။

ဒါ့ပြင် CRTH ရဲ့ ဒေသတွင်းရှိ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပြည်သူလူထု ဆန္ဒသဘောထား လုံးဝမပါဘဲ ပါတီခိုင်းသမျှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို လုံးဝ (လုံးဝ) လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့