KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ မနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က သွေးတိုးတက်ပြီး မူးဝေအော့အန် သတိလစ်သွားတယ်လို့ သိရပါတယ်။
KNU ဥက္ကဋ္ဌကို သူ့ရဲ့နေအိမ်မှတဆင့် မဲဆောက်မြို့ရှိ (Maesotram Hospital) ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ၎င်းနဲ့နီးစပ်သူများထံက သိရပါတယ်။
အသက် (၉၀) အရွယ်ရှိပြီးဖြစ်သည့် KNU ဥက္ကဋ္ဌဟာ ရာသီဥတုအပူရှိန်ကြောင့် သွေးတိုး (၁၆၀-၈၀) ရှိပြီး မူးဝေအော့အန်ကာ သတိလစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပြန်လည် သတိဝင်လာခဲ့ပြီး မစိုးရိမ်ရတော့ကြောင်း သိရပါတယ်။
လက်ရှိတွင် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရန် ဆေးရုံတွင်သာ ထားရှိထားသေးရသေးကြောင်း သိရှိရပါတယ်။
Era’sEyes/KIC/Photo-Crd