နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ဥက္ကဋ္ဌ သတိလစ်၍ ဆေးရုံတင်ထားရ၊ ပြန်လည်သက်သာလာပြီဟု ဆို

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ မနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က သွေးတိုးတက်ပြီး မူးဝေအော့အန် သတိလစ်သွားတယ်လို့ သိရပါတယ်။


KNU ဥက္ကဋ္ဌကို သူ့ရဲ့နေအိမ်မှတဆင့် မဲဆောက်မြို့ရှိ (Maesotram Hospital) ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ၎င်းနဲ့နီးစပ်သူများထံက သိရပါတယ်။

အသက် (၉၀) အရွယ်ရှိပြီးဖြစ်သည့် KNU ဥက္ကဋ္ဌဟာ ရာသီဥတုအပူရှိန်ကြောင့် သွေးတိုး (၁၆၀-၈၀) ရှိပြီး မူးဝေအော့အန်ကာ သတိလစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပြန်လည် သတိဝင်လာခဲ့ပြီး မစိုးရိမ်ရတော့ကြောင်း သိရပါတယ်။
လက်ရှိတွင် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရန် ဆေးရုံတွင်သာ ထားရှိထားသေးရသေးကြောင်း သိရှိရပါတယ်။

Era’sEyes/KIC/Photo-Crd

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းပေါ်က စစ်ကောင်စီရဲ့ဗိုလ်သင်တန်းကျောင်း အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ထိခိုက်တာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 5 Views
ဇွန်လ (၂၁)ရက်။ မနေ့က ည(၇)နာရီဝန်းကျင်ခန့်မှာ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်ရှောင်ပြည်သူ (၁)သန်းကျော်အထိရှိလာပြီလို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 3 Views
ဇွန်လ (၂၁)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် မေလအထိ ကော်သူးလေနယ်မြေထဲ စစ်ဘေးရှောင်ပြည်သူ (၁၀၇၈၅၀၅)ဦးအထိရှိလာခဲ့ပြီလို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ NUG ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို အရေးယူပေးဖို့ မြန်မာအမျိုးသမီးမဟာမိတ်အဖွဲ့တောင်းဆို

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 5 Views
ဇွန်လ (၂၁)ရက်။ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ဝန်ထမ်းအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အမြန်ဆုံးအရေးယူပေးဖို့ မြန်မာအမျိုးသမီးမဟာမိတ်အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။ ကျူးလွန်သူ ဆလိုင်းအိုက်ဇက်ခင်ဟာ အရင်အချိန်ကထဲက အိမ်တွင်းအကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေကို ကျူးလွန်ခဲ့ဖူးသူဖြစ်ပေမယ့် ပြစ်ဒဏ်ကနေ
မြန်မာသတင်း

ဖြူးမြို့ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 45 Views
ဇွန်လ (၂၁)ရက်။ မနေ့က ည(၁၁)နာရီအချိန်မှာ ဖြူးမြို့၊ ကျွဲနွယ်ကုတ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီအထိုင်စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ စခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့
မြန်မာသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သံဃသမဂ္ဂ-မန္တလေးထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 6 Views
ဇွန်လ (၂၁)ရက်။ သံဃနာယကဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်အုပ်စုက ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ-မန္တလေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတဝန်းက အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူတွေကို နေ့တိုင်း လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်တာ၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 28 Views
ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ပင်လောင်းမြို့က ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့၊
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 6 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဒီကနေ့မှာကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ကို NUG သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 5 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ ဇွန်လ (၂၁)ရက်နေ့မှာကျရောက်တဲ့ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို NUG က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ စစ်အာဏာရှင်အမြတ်ပြတ်ကျဆုံးဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာဖို့အတွက် ကရင်နီအမျိုးသားတွေအပါအဝင် အားလုံးနဲ့ လက်တွဲညီ