ရန်ကုန်နဲ့ မန္တလေးမြို့ရှိ လူစည်ကားရာနေရာ လမ်းမကြီးများတွင် ဧပြီလ (၁၉) ရက်နေ့ မနက်ပိုင်းက တော်လှန်လူငယ်များက စစ်သားနဲ့ ရဲများ အမှန်တရားဘက်က ရပ်တည်ကြဖို့ လှုံ့ဆော်စာများ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
အဲဒီလှုံဆော်စာကို စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နဲ့ အမှန်တရားအတွက် ပြည်သူ့ဘက်မှ ရပ်တည်ကြရန် ရည်ရွယ်ကာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
တော်လှန် လူငယ်များက “ အမှန်တရားအတွက် တိတ်တဆိတ် ရုန်းထွက်” ၊ “ အသိုက်မပျက် မိသားစုကို အန္တရာယ် မဖြစ်စေဘဲ ပြည်သူ့ဖက်က ရပ်တည်ပါ” ၊ “ ဖရဲသီးရာသီရောက်ပြီ” – ဆုငွေနဲ. ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုက်ပါ” စတဲ့ ပိုစတာစာရွက် နှစ်ထောင်ကျော်ကို ပြည်သူ့ရင်ခွင်၏” ဖရဲသီး” စီမံချက် ပိုမိုအောင်မြင်စေရေးအတွက် ဖြန့်ဝေခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဲဒီလှုပ်ရှားမှုကို People’s Embrace (ပြည်သူ့ရင်ခွင်) မှ ဦးဆောင် စီစဉ်မှုဖြင့် မြိပြတော်လှန်ရေး အင်အားစုများဖြစ်သော Kyimyindaing Networks (K.M.D18) နှင့် Mayangone Democratic Front (M.D.F) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
Era’sEyes/Photo – KMD18