နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

TNLA က မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် AA ထံ ကျပ်သိန်း ၅၀၀ လှူဒါန်း

ရခိုင်ဒေသ မုန်တိုင်း သင့် ပြည်သူများအတွက် တအာင်းတပ်မတော်(TNLA)က ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


အခုလို လှုဒါန်းမှုအပေါ် ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း ၁၀၀၀ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကကျပ်သိန်း ၃၀၀၀ ၊ကိုးကန့်တပ်မတော်(MNDAA) က ကျပ်သိန်း ၁၀၀၀ တို့ကိုလည်း မုန်တိုင်း သင့် ရခ်ုင်ဒေသအတွက် အသီးသီးလှူဒါန်းခဲ့ကြပါသေးတယ်။


မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးသွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLAက ထုတ်ပြန်ထားပါတယ်။


“မုန်တိုင်းလေဘေးဒဏ်ကြောင့်ရက္ခိုင်ပြည်သူလူထုဒုက္ခရောက်နေသည့် အချိန်တွင် ယခုလို ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီ ပေးမှုအပေါ် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ကျေးဇူးတင်လွှာမှာ ဖော်ပြထားပါတယ်။

လက်ရှိတွင် ရခိုင်ဒေသပြည်သူများအတွက် AAကအ​ရေး​​ပေါ်ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေအိမ်များ ပြုပြင်တည်ဆောက်ခြင်း၊ လမ်းများ ရှင်းလင်းခြင်း၊ ပြိုလဲသစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ လုပ်ဆောင်ပေးနေပါတယ်။

ဒါ့အပြင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကော်မတီ တစ်ရပ်ကို AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ကာ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

Era’Eyes/ (မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့