မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၃.၇၃ သန်းကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၇.၆၇ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ မေလ (၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဧပြီလ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅.၉၉ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း DICA မှ ထုတ်ပြန်ထားပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုသာ ခွင့်ပြုခဲ့ပြီး အဆိုပါ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း သိရှိရသည်။
Source:Xinhua