ဖမ်းဆီးစစ်ဆေးခံနေရတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၁၈)ရက်နေ့ရက်စွဲနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာမှာ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ နေရာမှာ အခုလို ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစားထိုးခန့်အပ်လိုက်တာပါ။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိအမှုဖြင့် စက်တင်ဘာလ (၁၉)ရက်နေ့မှာ တပ်တွင်း စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သတင်းဖော်ပြချက်များအရ သိရပါတယ်။