နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မူယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲထားချက်မှာ AA နဲ့ လုံးဝပတ်သက်မှု မရှိဘူးလို့ အသိပေးထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအဲ (၁၉) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း ဓာတ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း စစ်ကောင်စီရဲ့ မီဒီယာတွေက ထုတ်ပြန်တဲ့ မူယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်ပြီး စွပ်စွဲထားချက်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ လုံးဝပတ်သက်မှု မရှိဘူးလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကနေ ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ရက်စွဲနဲ့ အသိပေးထုတ်ပြန်လာပါတယ်။

အရင်တုန်းကလည်း စစ်ကောင်စီက စစ်ရေးအရ မယှဉ်နိုင်တဲ့အချိန်တိုင်းမှာ အခုလို နိုင်ငံအေးညစ်လုံးများသုံးပြီး တိုက်ခိုက်ခဲ့ဖူးတဲ့သာဓကတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုစွတ်စွဲချက်ဟာလည်း စစ်ကောင်စီရဲ့ လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးညစ်လုံးတခုသာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က
မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 48 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 24 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို ဘယ်လို သေနင်္ဂဗြူဟာ တွေချမှတ်ဆောင်ရွက်နေတယ်လို့မြင်သလဲ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ  နောက်ပိုင်းသူတို့ရှင်သန်နိုင်ပါ့မလားဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကွေးဒေသဟာ ခုခံတွန်းလှန်စစ်တွေရဲ့ ဆုံချက်ဖြစ်သလို စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ ကာကွယ်ရေးပစ္စည်း
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 29 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့