နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာအရာရှိများနှင့် သံတွဲတွင် တွေ့ဆုံ

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန် ဆုရီဆာဝါဒီ (Chalermphon Srisawasdi) ဦးဆောင်တဲ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ထိုင်း-မြန်မာ တပ်မတော် အဆင့်မြင့် အစည်းအဝေး တက်ရောက်ရန် အထူးလေယာဉ်ဖြင့် သံတွဲမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနှင့် ထိုင်းတပ်မတော် ၂ ရပ်ကြား ၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (8th HLC) တက်ရောက်ရန် ယနေ့ရောက်ရှိနေခြင်းဖြစ်ပြီး၊ ၃ ရက်ကြာ ခရီးစဉ် အတွင်း တပ်မတော် ၂ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာ- ထိုင်းတပ်မတော် နှစ်ရပ်အကြား (၈) ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို အကြောင်းပြု၍ မြန်မာစစ်တပ်ခေါင်းဆောင်နဲ့ဲ့ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ရခိုင်ပြည်နယ် သံတွဲမြို့ တွင် တွေ့ဆုံခဲ့ခြင်း အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများက အာဏာသိမ်းစစ်အုပ်စုအား အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အသိအမှတ်ပြု ဆက်ဆံခြင်း မပြုတော့တာကြောင့် အလွတ်သဘောတွေ့ဆုံမှုသက်သက်သာ ဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်နေကြတာပါ။

Photo – CINCDS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 36 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ်
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 32 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 19 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ
မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 34 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 28 Views
အောက်တိုဘာလ (၂၈)ရက်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ
မြန်မာသတင်း

ရေးမြို့ရှိ DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 28 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရေးမြို့ နှင်းစုံကျေးရွာက DKBA ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်းတန်ဦးဆောင်တဲ့ စကမ ပူးပေါင်း DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းက
မြန်မာသတင်း

ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 23 Views
အောက်တိုဘာလ (၂၇)ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက်
မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 42 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ “ ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ” ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ဖြန့်ဝေခဲ့ပြီး