နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အလှမ်းဝေးနေဆဲဟု စစ်အာဏာသိမ်း ခေါင်းဆောင်ဝန်ခံ/ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် (၁၀) ဘီလီယံကျပ် သုံးစွဲထားပြီး လျှပ်စစ်မီးရရှိရေးလည်း ဆောင်ရွက်ပေးနေဟု ဆို

◼မိမိအာဏာရရှိရေးကို ရှေးရှုပြီး ဆူပူအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ဟု စစ်အာဏာသိမ်းခေါင်းဆောင်ပြောကြား

စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိအာဏာရရှိရေးကို ရှေးရှုပြီး ဆူပူအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုတွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ (၇၅) နှစ်ပြည့် ချင်းအမျိုး သားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တယ်လို့သိရပါတယ်။

လက်ရှိအခြေအနေမှာ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝှမ်း တည်ငြိမ်အေးချမ်းမှု မရှိဘူးလို့လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်က ဝန်ခံပြောဆိုထားပါတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ နေ့စဥ်လိုလို ဖြစ်ပွားနေတာပါ။ အခုဆိုရင်လည်း ထန်တလန်မြို့ဟာစစ်အုပ်စု လက်ချက်ကြောင့် လုံးဝပျက်စီးခဲ့ရပြီ ဖြစ်ပါတယ်။

အဲဒီလို အခြေနေဆိုးတွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ပြီး နောက်မှာ အခုလို ချင်းအမျိူးသားနေ့ မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် (၁၀) ဘီလီယံကျပ် သုံးစွဲထားပြီး ချင်းပြည်နယ်ကပြည်သူတွေ လိုလားနေတဲ့ လျှပ်စစ်မီးရရှိရေးလည်း ဆောင်ရွက်ပေးနေတယ်လို့ (၇၅) နှစ်ပြည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ထည့်သွင်း‌ပြောဆိုလာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအာဏာရယူထားတဲ့ ကာလအတွင်းမှာ‌ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ နိုင်ငံတည်ငြိမ် အေးချမ်းပြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကြိုးစားဆောင်ရွက်နေပေမယ့် နိုင်ငံကောင်းရာကောင်းကျိုးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတဲ့ ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းတွေက မိမိအာဏာရရှိရေးနဲ့ ကိုယ်ကျိုးအတ္တကိုသာ ရှေ့ တန်းတင်ပြီး အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူတွေကြောင့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတာလို့ ချင်းအမျိုး သားနေ့ သဝဏ်လွှာမှာ စစ်အာဏာသိမ်း‌ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 23 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 23 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 34 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။