၃ နှစ်ကြာ ပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ကို ဖေဖော်ဝါရီ (၂၀) ရက် မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီတံတားဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်အကြား ဆက်သွယ်ထားတာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးပြန်ဖွင့်ပေးတာ တွေ့ရှိရပါတယ်။ အဲဒီ တံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးရာမှာ X −ray စက်သုံးပြီး စစ်ဆေးဖို့ စစ်ကောင်စီထွေအုပ်က စီစဉ်ခဲ့ဖူးပါတယ်။

တံတားပြန်ဖွင့်ချိန်မှာ လူလေးထောင်ကနေ ငါးထောင်ကြား နေ့စဉ် ဖြတ်သန်းသွားနိုင်တယ်လို့ စစ်ကောင်စီက ခန့်မှန်းလိုက်ပါသေးတယ်။ တံတားအသုံးပြု ဖြတ်သန်းမယ့်သူတွေအနေနဲ့ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း လက်မှတ်မိတ္တူ၊ နယ်စပ်ဖြတ်ကျော် ယာယီနိုင်ငံကူး စာရွက်စာတမ်းကတ်တို့နဲ့ အသုံးပြု ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CRD