စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဟာ PDF တပ်ဖွဲ့တွေ့တိုက်ပွဲတွေပြင်းထန်နေဲဖြစ်တဲ့ စစ်ကိုင်းတိုင်းကို သွားရောက်ခဲ့ပြီး တပ်တွင်းစည်းလုံးကြဖို့ အထူးမှာကြားခဲ့တယ်လို့သိရပါတယ်။ မတ်လ (၁၉) ရက်က သွားရောက်ခဲ့တာဖြစ်ပါတယ်။


စစ်အုပ်ချုပ်ရေးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် က တိုက်ရိုက်ကွပ်ကဲပြီးတဲ့နောက်မှာ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။
မုံရွာတပ်နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဟာ စစ်ကိုင်းတိုင်းထဲက ၁၄ မြို့နယ်၊ မကွေးတိုင်းထဲက ၅ မြို့နယ် နဲ့ ချင်းပြည်နယ်ထဲက ၇ မြို့နယ် ကို ပြီးခဲ့တဲ့လက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။
Era’sEyes | Photo – CINCDS