ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ပြီးခဲ့တဲ့မေလ (၁၄) ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာတွေမှာနေထိုင်တဲ့လေဘေးသင့်နေတဲ့ ပြည်သူတွေဟာ ဒီကနေ့အထိဘာအကူအညီမှမရပဲ စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အရေးပေါ် အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံမီဒီယာ Chin World Media မှာ ဖော်ပြထားပါတယ်။
“စပါးကျီတွေ၊ သိုလှောင်ထားတဲ့စားနပ်ရိက္ခာ ပျက်စီးတာတွေကြောင့်၊ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်တဲ့အပြင် သွပ်မိုး၊ မိုးကာတွေလည်း ဝယ်လို့မရတော့ဘဲ ကားလမ်းတွေ ပိတ်ထားတာကြောင့်လည်း လမ်းပမ်းဆက်သွယ်ရေး စာတာတွေကြောင့် အခက်အခဲတွေ အများကြီးရှိနေတယ်” လို့ မတူပီမြိုနယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း ပျက်စီးမှုများ
(Chin World Media)