ယနေ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းမှာ ရာအိမ်မှူး ဦးကျော်လွင်ဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင် ၂၁ရက် နံနက် ၇နာရီခွဲခန့်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၁၂၅)ရပ်ကွက်က ရာအိမ်မှူး ဦးကျော်လွင် ၃၅နှစ်ဆိုသူ အနီးကပ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့တာလို့ ဆိုပါတယ်။
“သူက ၁၁၈ရပ်ကွက် အောင်သပြေလမ်းထောင့်မှာ ဆိုင်ကယ်မောင်းလာတုန်း အနောက်ကဆိုင်ကယ်က နှစ်ယောက်က ပစ်သွားတာလို့ပြောတယ်။ နေရာမှာပဲ သေသွားတယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုထားပါတယ်။
ရာအိမ်မှူး ဦးကျော်လွင်သည် အမှတ် ၁၁၈ရပ် ကွက်၊ ဦးမြူလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာ ဆိုင်ကယ်မောင်းနှင်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်နဲ့ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် ထိမှန်သေဆုံးခဲ့တာပါ။
ဇူလိုင်လ ၂၀ရက်နေ့ ညပိုင်းကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ၃၈ရပ်ကွက်အတွင်းက ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်း ထောင့်တွင် ဘေးတွဲ ဆိုင်ကယ်မောင်းသူ ကျော်ဆန်းဝင်းဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
Era’Eyes