နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မကွေးတိုင်းကွပ်ကဲရေးရုံးရဲ့ စစ်ပညာမွမ်းမံသင်တန်း အပါတ်စဉ် (၁) သင်တန်းဆင်းပွဲပြုလုပ်

အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးတဲ့ စစ်ပညာမွမ်းမံသင်တန်းအပါတ်စဉ် (၁) သင်တန်းဆင်းပွဲကို မကွေးတိုင်းရဲ့ ထိန်းချုပ်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


အဲ့ဒီသင်တန်းဆင်းအခမ်အနားကို စက်တင်ဘာလ (၁၉)ရက်နေ့က ကျင်းပခဲ့ပြီး PDF မကွေးတိုင်းတာဝန်ခံနဲ့ ခရိုင်ရေးထောက်တာဝန်ခံတွေ၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေ တက်ရောက်ခဲ့ပြီး PDF အလံတော်အလေးပြုတာ၊ ကျဆုံးရဲဘော်တွေကို သတိရအောက်မေ့ငြိမ်သက်တာနဲ့ မိန်းခွန်းပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ ကဏ္ဍအလိုက် ထူးချွန်ဆုရသူတွေကို ဆုချီးမြှင့်တာတွေ ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးသီချင်းတွေ သံပြိုင်သီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မွမ်းမံသင်တန်းကို မကွေးတိုင်းကွပ်ကဲရေးရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပြီး သင်တန်းကာမှာ လိုက်နာရမယ့် စစ်ဖက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း (Code of Conduct) တွေ သင်ကြားတာ၊ စစ်ရေးပြနဲ့ လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်တာတွေ သင်ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 50 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 46 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ
မြန်မာသတင်း

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 48 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗဟန်းရဲစခန်းကို အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်ပြီး AA အရေးပေါ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 66 Views
စက်တင်ဘာလ (၃၀)ရက်။ ရခိုင်ဒေသထဲ စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်ပြီး အာရက္ခတပ်တော်(AA)က မနေ့ကရက်စွဲနဲ့ အရေးပေါ်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲတိုက်ပွဲတွေနဲ့ ရခိုင်ဒေသအစပ် (၃)နေရာမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲ စစ်တပ်ဟာ အထိအခိုက်အကျဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့ ဆဒုံးမြို့ပေါ် ဗုံးကြဲတာကို လူမဆန်တဲ့လုပ်ရပ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 72 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အပေါ် လူမဆန်တဲ့လုပ်ရပ်လို့ KIA ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြစ်တင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က “ ဆဒုံးမြို့။
မြန်မာသတင်း

တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 92 Views
စက်တင်ဘာလ (၂၉)ရက်။ တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံး အနာဂတ်လှစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့
မြန်မာသတင်း

အညာမြေတပ်ပေါင်းစုစခန်းခွဲ လေကြောင်းပစ်ခံရပြီး ရဲဘော်(၃)ဦး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 93 Views
စက်တင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခုကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခု လေကြောင်းပစ်ခံခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ တပ်စိတ်မှုးအပါအဝင်