နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

ဥရောပ

ဥရောပ

အီတလီက နာမည်ကျော် ဗင်းနစ်တူးမြောင်းတွေ ခြောက်သွေ့လာ

ခြောက်သွေ့သော ဆောင်းရာသီတွင် ရက်သတ္တပတ်များပတ်လုံး အီတလီသည် ပြီးခဲ့သော နွေရာသီ အရေးပေါ်အခြေအနေအပြီးတွင် နောက်ထပ် မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ရနိုင်ခြေကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး အဲလ်ပ်စ်တောင်တန်းများသည် ၎င်းတို့၏ ပုံမှန်နှင်းကျမှု၏ ထက်ဝက်အောက်သာကျခဲ့ပြီး နှင်းကျမှု လျော့နည်းခဲ့ကြောင်း သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့များက ပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုမှာ ပုံမှန်အားဖြင့် အဓိက စိုးရိမ်ရသည့် ဗင်းနစ်မြို့သည် ဂွန်ဒိုလာများ၊ ရေတက္ကစီများနှင့် လူနာတင်ယာဉ်များ သွားလာရန် မဖြစ်နိုင်သည့် ပုံမှန်မဟုတ်သော ဒီရေနိမ့်ကျမှုများနှင့် ရင်ဆိုင်နေရသောကြောင့် သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗင်းနစ်မြို့ရှိ ပြဿနာများသည် မိုးရွာသွန်းမှုမရှိခြင်း၊ ဖိအားများသောစနစ်၊ လပြည့်ညနှင့် ပင်လယ်ရေစီးကြောင်းများ ပေါင်းစပ်မှုများကြောင့် ဤသို့ဖြစ်ပျက်မှုအတွက် ထောက်ပြချက်များဖြစ်သည်။ အီတလီမြစ်များနှင့် ရေကန်များ ဆိုးရွားစွာ ရေပြတ်လပ်မှုကို ခံစားနေရကြောင်း လီဂန်ဘင်တီ (Legambiente) သဘာဝပတ်ဝန်းကျင်အဖွဲ့မှ တနင်္လာနေ့တွင် နိုင်ငံမြောက်ပိုင်းကို အာရုံစိုက်ပြောကြားခဲ့သည်။

အီတလီနိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ပို (Po) မြစ်သည် အနောက်မြောက်ဘက်ရှိ အက်လ်ပ်စ်တောင်တန်း (Alps) မှ အန်ဒရက်တစ် (Adriatic) သို့ စီးဆင်းသည့် ပိုမြစ်တွင် ယခုနှစ် အချိန်တွင် ပုံမှန်ထက် ရေ ၆၁ ရာခိုင်နှုန်း လျော့နည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် အီတလီသည် နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုပြီး နှစ် ၇၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကို ခံစားခဲ့ရသည့် ပိုမြစ် ပတ်ဝန်းကျင်ရှိ ဒေသများအတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

“ ကျွန်ုပ်တို့သည် ၂၀၂၀-၂၀၂၁ ခုနှစ် ဆောင်းရာသီမှ စတင်၍ တည်ဆောက်နေသော ရေလိုအပ်မှုကို ပြသနေသည့် အခြေ အနေတွင် ရှိနေသည်” ဟု အီတလီ သိပ္ပံသုတေသန အင်စတီကျု CNR မှ ရာသီဥတု ပညာရှင် Massimiliano Pasqui က နေ့စဉ်ထုတ် သတင်းစာ Corriere della Sera သို့ ပြောကြားချက်ကို ကိုးကား၍ နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

“ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးရေချိန် အမြင့်၅၀၀ မီလီမီတာ ပြန်လည်ရရှိဖို့ လိုအပ်ပြီး ရက်ပေါင်း ၅၀ ခန့် မိုးရွာချဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အီတလီနိုင်ငံ မြောက်ပိုင်းရှိ ဂရာဒါ ရေကန် (Garda Lake) တွင် ရေမျက် နှာပြင်သည် စံချိန်တင်နိမ့်ဆင်းသွားခဲ့ပြီး ရေမျက်နှာပြင်ပေါ်ရှိ ပေါ်လာသော လမ်းကြောင်းမှတစ်ဆင့် ကန်ရှိ ဆန် ဘိုင်အာဂျီအို (San Biagio) ကျွန်းငယ်လေးသို့ သွားရောက် ရန်လမ်းပေါ်လာခဲ့သည်။

အန်တီဆိုင်ကလုန်းမုန်တိုင်းသည် ဥရောပအနောက်ဘက်ရှိ ရာသီဥတုကို ၁၅ ရက်ကြာအောင် လွှမ်းမိုးထားကာ နွေဦးနှောင်းပိုင်းတွင် သာမန်ရှိခဲ့သည်ထက် ပိုမိုပျော့ပျောင်းသော အပူချိန်ကို သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံး မိုး လေဝသ ခန့်မှန်းချက်များအရ လာမည့်ရက်များအတွင်း အဲလ်ပ်စ်တောင်တန်း၌ အလွန်လိုအပ်နေသော မိုးရွာသွန်းမှုနှင့် ဆီးနှင်းများ ရောက်ရှိ လာတော့မည်ကို အချက်ပြနေပါသည်။

Source: CNN တွင်ဖော်ပြသည့် ရိုက်တာသတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း”
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 76 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 98 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 80 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ