လားရှိုးနည်းပညာအထက်တန်းကျောင်းကို တော်လှန်ရေးအင်အားစုတွေက မေ၂၂ရက် မနက် ၁နာရီ ၁၀မိနစ်အချိန်က ရှော့တိုက်ဒုန်း လေးလုံး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလားရှိုးနည်းပညာအထက်တန်းကျောင်း မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် အခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ထိခိုက်မှုကို မသိရသေးပါဘူး။
နည်းပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အဆောက်အဦအပေါ်ထပ် အမိုးအား ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ကျောင်းအနီးနား က စစ်မှု ထမ်းဟောင်းရပ်ထဲမှ နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
Era’sEyes/(လားရှိုးမြို့ နည်းပညာအထက် တန်းကျောင်း ရှော့တိုက်ဒုံးအပစ်ခံရပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-CJ)