စစ်ကောင်စီက ရွှေဘို၊ ဝက်လက်၊ အရာတော် (၃) မြို့နယ် တွင် စစ်အုပ်ချုပ်ရေး ထပ်မံကြေညာလိုက်တယ်လို့ ဖေဖေါ်ဝါရီ (၂၂) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် (၁၁) ခုရှိရာ ကနေ နောက်ထပ် (၃) မြို့နယ် ထပ်တိုးလိုက်တဲ့အတွက် စုစုပေါင်း စစ်အုပ်ချုပ် ရေး ကြေညာတဲ့ မြို့နယ် (၁၄) ခု ရှိလာတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက စုစုပေါင်း မြို့နယ် (၃၇) ခုမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကိုင်းတိုင်း (၁၁) မြို့နယ်၊ ချင်းပြည်နယ် (၇) မြို့ နယ်၊ မကွေးတိုင်း (၅) မြို့နယ်၊ ပဲခူးတိုင်း (၅) မြို့နယ်၊ ကရင်ပြည်နယ် (၂) မြို့နယ်၊ မွန်ပြည်နယ် (၁) မြို့နယ်၊ ကယား ပြည်နယ် (၄) မြို့ နယ်၊ တနင်္သာရီတိုင်း (၂) မြို့နယ် တို့အပြင် လက်ရှိ မြို့နယ် (၃) ခု ထပ်တိုးတာမို့ စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာတဲ့မြို့နယ် ပေါင်း (၄၀) ရှိလာပြီ ဖြစ်ပါတယ်။
Photo – CRD