ယမန်နေ့ ဧပြီလ (၂၁) ရက်က လေဆင်နှာမောင်း တိုက်ခိုက်ပြီး ပျက်စီးသွားသော လယ်ဝေးမြို့နယ်အတွင်းမှ တံတားဦးနှင့် အောင်မြင်ကုန်း ကျေးရွာများနှင့် ဆေးရုံများကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီထောက်ခံသည့် မီဒီယာများထံမှ သိရှိရပါသည်။










စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အပစ်မဲ့ပြည်သူများကိုမူ လူသားချင်းဆိုင်ရာစာနာ ထောက်ထားမှုများ ပေးအပ်ခဲ့ခြင်း မရှိသော်လည်း လေဆင်နှာမောင်း တိုက်ခိုက်ပြီး ပျက်စီးသွားသော ရွာများကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြိုအပျက်များအားလုံးကို ရှင်းလင်းဖယ်ရှားကာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ရွာသူရွာသားများ၏ နေအိမ်များ အားလုံးကို ပြန်လည်ဆောက်လုပ်ပေးရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
Era’s Eye | Grace H. /ဓာတ်ပုံ။ စစ်ကောင်စီ။