ရှမ်းပြည်နယ်၊ မိုင်းလုံမြို့က တိုက်ပွဲဖြစ်ရာနေရာကို ကြွရောက်လာတဲ့ မိုင်းဘုန်းဆရာတော်က မန္တလေး PDFတပ်ဖွဲ့ကို အန္တရာယ်ကင်းအဆောင်တွေနဲ့ မေတ္တာပို့ ဩဝါဒတွေ ချီးမြှင်ခဲ့တယ်လို့ Mandalay People’s Defence Forceက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မန္တလေး PDFတပ်ဖွဲ့တွေက မိုင်းဘုန်းဆရာတော်ဘုရားကြီး ကြွရောက် လာတာကြောင့် တိုက်ပွဲကို ခေတ္တရပ်နားပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော်တွေအနေနဲ့ မိုင်းဘုန်းဆရာတော်ဘုရားကြီးကို ဖူးမြှော်ခွင့်ရခဲ့ပြီး ဆရာတော်က အန္တရာယ်ကင်းအဆောင်တွေနဲ့ မေတ္တာပို့ ဩဝါဒတွေ ချီးမြှင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မိုင်းဘုန်းဆရာတော် ဘေးကင်းရာဒေသကိုရောက်ရှိတဲ့ အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
REF: PVTV