နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံ၏ ဒီမိုကရေစီလိုလားသော ညွန့်ပေါင်းအဖွဲ့သည် ပီတာမပါဘဲ နောက်ထပ်ခြေလှမ်းများကို လှမ်းရတော့မည်ဖြစ်သည်။

ဇူလိုင် ၂၇ ရက်နေ့ ထိုင်းပါလီမန် ထပ်မံကျင်းပချိန်တွင် ဖွေထိုင်းက အဓိကထား လှုပ်ရှားလုပ်ဆောင်မည် ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ ဘန်ကောက်။


Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်နတ် (Pita Limjaroenrat) အား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လွှတ်တော်အမတ် အဖြစ် တပြိုင်နက် ရပ်ဆိုင်းခဲ့ပြီး ပါလီမန်က ဒုတိယအကြိမ်အဖြစ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ပယ်ချခံရပြီးနောက် ဗုဒ္ဓဟူးနေ့ညတွင် လူတစ်ထောင်ခန့် ဒီမိုကရေစီ ကျောက်တိုင်သို့ စုရုံးရောက်ရှိလာခဲ့သည်။

တက္ကသိုလ်ကျောင်းသားအုပ်စုများက ဆန္ဒပြသူများအား အနက်ရောင် ဝတ်ဆင်စေကာ ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်များနှင့် တရားသူကြီးများသည် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အများစု၏ ထောက်ခံမဲ ရရှိခဲ့သော အနိုင်ရမှုကို နှောင့်ယှက်သည်ဟု မြင်ရသည့် ဥပဒေပြုရေးနှင့် တရားစီရင်ရေး၏ လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် လှောင်ပြောင်ဈာပန အခမ်းအနားကျင်းပကာ မီးရှို့ဖျက်ဆီးခဲ့သည်။

“ သန်နာသွန်(Thanathorn) နဲ့ Future Forward ပါတီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတိုင်း ဒီလိုတူညီတဲ့ လုပ်ရပ်တစ်ခုတည်းကို အသုံးပြုထားတဲ့ဇာတ်လမ်းက အတူတူပါပဲ” ဟု ဆန္ဒပြပွဲကို တက်ရောက်ခဲ့သည့် အသက် ၄၉ နှစ်အရွယ် အပီဝပ် ဝမ်ကရော် (Apiwat Wangkaew) က ပြောပါသည်။

တက်ရောက်သူသည် ၂၀၁၀ ပြည့်နှစ်တွင် ယခင်ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် မြင်တွေ့ရသည့် သောင်းနှင့်ချီသောသူများ၏ တစိတ်တပိုင်းမျှသာဖြစ်ပြီး၊ သို့မဟုတ် Future Forward ပါတီကို ဖျက်သိမ်းပြီးနောက် ၎င်း၏ခေါင်းဆောင် သန်နာသွန်အား နိုင်ငံရေးမှ ပိတ်ပင်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင် ရေပန်းစားသော လှုပ်ရှားမှုများသည် အချိန်ကြာလာသည်နှင့်အမျှ သမိုင်းကြောင်း လိုအပ်ချက်အရ ပေါ်ပေါက်လာတတ်ပြီး ရှေးရိုးဆန်သော ကွန်ဆာဗေးတစ်များက ထိုသို့မကျေမနပ်မှုများ ဖြစ်ပေါ်လာပါကမှ ရုတ်ချည်း ပေါက်ကွဲခြင်းမှ ကာကွယ်ရန် ခြေလှမ်းများကို ရေးဆွဲလာခဲ့ကြသည်။

လာမည့် ဇူလိုင် ၂၇ ရက်နေ့တွင် ပါလီမန်က ဝန်ကြီးချုပ်တစ်ဦးကို တတိယအကြိမ်မြောက် ရွေးကောက်တင်မြှောက်ဖို့ ကြိုးစားမည် ဖြစ်သည်။ ပီတာသည် ဝန်ကြီးချုပ်ရာထူးမှ ပိတ်ပင်ခံထားရသော်လည်း ယခုအခါတွင် ဖွေထိုင်းပါတီက ဝန်ကြီးချုပ်နေရာအတွက် စာရင်းတင်ရန် ပြတ်ပြတ်သားသား ရပ်တည်နေပြီ ဖြစ်သည်။ မေလ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယနေရာ ရထားသည့် ဖွေထိုင်းပါတီသည် ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးပမ်းမှု နှစ်ကြိမ်တိုင်တိုင် ပီတာ၏ နောက်တွင် လူသိရှင်ကြား ရပ်တည်ခဲ့သည်။

“ ဖွေထိုင်း သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်သော ဒီမိုကရေစီ လိုလားသော ပါတီတစ်ခုအနေဖြင့် ၎င်း၏ ပုံရိပ်ကို ထိန်းသိမ်းရန် ခက်ခဲသောလမ်းစဉ်ကို ထိန်းကျောင်းနေပြီး အစိုးရအဖြစ် ပြန်လည်ရောက်ရှိလိုသော ဆန္ဒပြင်းပြနေသည်” ဟု Nanyang နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Duncan McCargo က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပီတာသည် စစ်အာဏာရှင် လွှမ်းမိုးမှု မရှိဘဲ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရာတွင် ဖွေထိုင်းမှ ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းရန် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပီတာက ပြောကြားခဲ့သည်။

“ ပီတာ မပါဘဲနဲ့ဆိုရင်တောင် ကျနော်တို့က တခြားရွေးချယ်စရာ မရှိလို့ ဖွေထိုင်း ကို ထောက်ခံမှာပါ။ ဆရက်သာ(Srettha) ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ လက်ရှိလူကြီးတွေကို အာဏာရယူထားတာ ဆက်မရှိစေချင်ဘူး” ဟု Move Forward ထောက်ခံသူ အသက် ၂၇ နှစ်အရွယ် Mook က ပြောသည်။ သို့သော် ၎င်း၏ ၁၄၁ နေရာဖြင့် ဖွေထိုင်းပါတီသည် Move Forward ၏ ဒီမိုကရေစီလိုလားသော ညွန့်ပေါင်းအဖွဲ့မှ ထွက်ခွာနိုင်ပြီး ကွန်ဆာဗေးတစ်ပါတီများနှင့် “မသန့်ရှင်းသောမဟာမိတ်” ဟု ခေါ်ဆိုသည့်ပုံစံကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul နှင့် အထက်လွှတ်တော်အမတ် အများအပြားက ဘုရင်စနစ်အား စော်ကားသည့် အပြစ်ပေးသည့် ဥပဒေများကို ပြင်ဆင်ရန် မူဝါဒကြောင့် Move Forward ပါတီနှင့် မဟာမိတ်လုပ်ထားသည့် ဖွေထိုင်း ကိုယ်စားလှယ်လောင်းကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ Anutin ၏ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် တတိယနေရာရခဲ့ပြီး ၇၁ နေရာကို ထိန်းချုပ်ထားသည်။ ထိုသို့သော ဖြတ်ကျော်၍ ဖွဲ့စည်းနိုင်သည့်အစိုးရဖြစ်လာပါက ထောက်ခံမဲ ၁၄ သန်း သို့မဟုတ် ၃၆% မဲရခဲ့သည့် အနိုင်ရ Move Forward ပါတီသည် အတိုက်အခံအဖြစ် ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။

“ ဖွေထိုင်း ပါလီမန်အမတ်အများအပြားသည် ထိုကဲ့သို့သော အာဏာရရှိရန်အတွက် အပေးအယူလုပ်ရန် အဆင်သင့်ရှိနေပြီး ပြီးခဲ့သည့်အစိုးရ ပါတီဝင်အချို့ အပါအဝင် ညွန့်ပေါင်းအသစ် ဖွဲ့စည်းရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ဤလက်တွေ့ကျသော သဘောတူညီချက်ကို မဲဆန္ဒရှင်များအား ဆန့်ကျင်၍ သဘောတူညီခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်လိမ့်မည်” ဟု McCargo မှ ပြောကြားခဲ့သည်။ Move Forward ကို ဖျက်သိမ်းခြင်း သို့မဟုတ် ပီတာကို နိုင်ငံရေးမှ ပိတ်ပင်ခြင်းသည် ဒီမိုကရေစီ လိုလားသော အနောက်အင်အားကြီး နိုင်ငံများနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ကိစ္စရပ်များတွင် အေးခဲသွားစေမည် ဖြစ်သည်။ အဆိုပါ စိုးရိမ်မှုများကို ထိုင်းနိုင်ငံရှိ ကာယကံရှင်များထံ လက်ဆင့်ကမ်းခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂနှင့် ညှိနှိုင်းရန် ပြင်ဆင်နေသည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို ပျက်ယွင်းသွားစေနိုင်သည်။

“စစ်အာဏာရှင်တွေက ခန့်အပ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးအရ လိုသလို အသုံးချနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ဘာမဆို ဖြစ်သွားနိုင်ပြီး ထိုင်းဒီမိုကရေစီရဲ့ နောက်ကျကျန်နေတာကို အရှက်ရစေမယ့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်ပါတယ်” ဟု Human Rights Watch အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောသည်။ ပီတာသည် ပျက်ပြယ်သွားပြီဖြစ်သော မီဒီယာကုမ္ပဏီတွင် အစုရှယ်ယာများရှိလျက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းသည် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို တုံ့ပြန်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ပီတာအား ၁၅ ရက် အချိန်ပေးခဲ့သည်။

တရားရုံးက အသက် ၄၂နှစ်အရွယ် ပီတာကို တားမြစ်ထားသော်လည်း၊ Move Forward ၏ ဆက်ခံမှုလမ်းကြောင်းသည် ဗုဒ္ဓဟူးနေ့တွင် ပါလီမန်အခြေအတင်တွင် ၎င်းပါတီ၏ အဓိကကာကွယ်သူများသည် Parit Wacharasindhu (၃၀ နှစ်) နှင့် Rangsiman Rome, (၃၁ နှစ်)တို့ ဖြစ်လာသည်။ ပါတီသည် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ ကတိများကို အပေးအယူလုပ်ရန် ငြင်းဆိုထားသည်။ ပီတာက အင်္ဂါနေ့တွင် Reuters အင်တာဗျူးတစ်ခု၌ “ ဒါဟာ အပြေးပြိုင်ပွဲ မဟုတ်ပါဘူး။ မာရသွန် တာဝေးပြေးပွဲ တစ်ခုဖြစ်ပြီး အကြာကြီးပြေးနိုင်တဲ့ ကြံ့ခိုင်မှုတွေ ကျွန်တော့မှာ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖော်ပြသော “Thailand’s pro-democracy coalition mulls next steps without Pita” ကို ခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 41 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 45 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 89 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 113 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 96 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 651 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက် ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများလာရောက်လည်ပတ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စျေးကွက်အနေအထားကို ခိုင်မာစေရန်အတွက် ကမ်ပိန်းအသစ်များကို စတင်လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 639 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက် ၂၀၂၅ ခုနှစ် ပထမငါးလ (ဇန်နဝါရီလမှ မေလ) အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၄သန်း ၃သိန်း ၆သောင်း ၂ ထောင်ကျော်
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 506 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ ၆လအတွင်းထွက်ရမယ်ဆိုတော့ စောချစ်သူက မြဝတီကနေ ဘုရားသုံးဆူဖက်နဲ့ ရနောင်းဖက်ကို ရွှေ့ပေးနေတယ်ဆိုတဲ့ စိတ်ဝင်စားစရာသတင်းကို နားဆင်ရမှာဖြစ်ပါတယ်။နောက်ထပ်