နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အာရှ

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများလာရောက်လည်ပတ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စျေးကွက်အနေအထားကို ခိုင်မာစေရန်အတွက် ကမ်ပိန်းအသစ်များကို စတင်လိုက်သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်

၂၀၂၅ ခုနှစ် ပထမငါးလ (ဇန်နဝါရီလမှ မေလ) အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၁၄သန်း ၃သိန်း ၆သောင်း ၂ ထောင်ကျော် (14,362,694) လာရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၇% လျော့ကျသွားခဲ့သည်။ အများဆုံး နိုင်ငံခြားခရီးသွား ဧည့်သည်အုပ်စုသည် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ တစ်သန်း ၉ သိန်း ၅သောင်းနှင့် ပထမအများဆုံးဖြစ်ပြီး ၁,၉၅၈,၉၃၉ ရှိပြီး၊ မလေးရှား နိုင်ငံမှ တစ်သန်း ၉သိန်းကျော် (၁,၉၀၁,၄၆၄) နှင့် ဒုတိယလိုက်ပြီး၊ အိန္ဒိယမှ ၉ သိန်း ၇သောင်း၊ ၈ ထောင်ကျော် (၉၇၈,၆၀၀) နှင့် တတိယလိုက်ကာ၊ ရုရှားမှ ၉ သိန်း ၆သောင်း တထောင်ကျော် (၉၆၁,၁၄၃) နှင့် စတုတ္ထလိုက်ကာ တောင်ကိုရီးယားမှ ၆ သိန်း ၇သောင်း ၃ထောင် ကျော် (၆၇၃,၅၆၃) ဖြင့် ပဥ္စမလိုက်ခဲ့သည်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ၏ အုပ်ချုပ်ရေးမှူးဟောင်း ယူသာဆပ် ဆပ်ပါဆွန် (Yuthasak Supasorn) က ဒေသတွင်း ဧည့်ခရီးသွားများ ကျဆင်းသွားသောအခါ အာရှသည် ထိုင်းနိုင်ငံသို့ နိုင်ငံခြားဧည့်သည် စုစုပေါင်း၏ ၆၃% နီးပါးရှိကြောင်း မီးမောင်းထိုးပြခဲ့သည်။ သို့သော် အထူးသဖြင့် အရှေ့မြောက်အာရှ (တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်) တို့မှ ခရီးသွားဦးရေ သိသိသာသာ ကျဆင်းလာခဲ့ပြီး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ အတိအကျပြောရလျှင် တရုတ်သည် ၃၂ ဒသမ ၇ ရာခိုင်နှုန်း၊ ဟောင်ကောင် ၂၃ ဒသမ ၁ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားသည် ယမန်နှစ်က အလားတူကာလထက် ၁၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အလားတူ အာဆီယံနိုင်ငံများတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဗီယက်နမ်က ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ လာအို ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၁၃ ဒသမ ၇ ရာခိုင်နှုန်း၊ မလေးရှား ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် ယမန်နှစ် အလားတူကာလကထက် ခရီးသွားဝင်ရောက်မှု ၁၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဤအိမ်နီးချင်း နိုင်ငံများသည် ရာသီအလိုက်ကျဆင်းမှုကို ဖြည့်ဆည်းရန် ဥရောပနှင့် အမေရိကကဲ့သို့ ခရီးဝေး စျေးကွက်များမှ ခရီးသွားများ အလာနည်းပါးသည့် အနိမ့်ရာသီ ကာလအတွင်း ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည့် သမိုင်းကြောင်းရှိသည်။

နိုင်ငံခြားခရီးသွားအရေအတွက် ကျဆင်းရခြင်းမှာ အဓိကအားဖြင့် အာရှမှလာရောက် လည်ပတ်မှု နှေးကွေးခြင်းကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွားအားလုံး၏ ၆၀% ကျော်ရှိကြောင်း၊ ကျဆင်းမှုသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ခရီးသွားရင်းမြစ်ဖြစ်သည့် တရုတ်နိုင်ငံမှ လာရောက်မှုသည် အသိသာဆုံးဖြစ်သည်။ ၂၀၂၅ ခုနှစ် ပထမငါးလတွင် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၁,၉၅၈,၉၃၉ ဦး လာရောက်ခဲ့ပြီး ယမန်နှစ် အလားတူ အချိန်ကာလတွင် ၂,၉၁၁,၃၇၀ လာရောက်ခဲ့ခြင်းကြောင့် ၃၂.၇% ကျဆင်းသွား ခဲ့သည်။

COVID-19 ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံမှ နိုင်ငံခြားသား ခရီးသွား စုစုပေါင်း ၃၉.၈ သန်းရှိသည့် အနက်မှ တရုတ်နိုင်ငံသား ၁၁.၁ သန်း ဝင်ရောက်ခဲ့ပြီး စုစုပေါင်း နိုင်ငံခြားဧည့်သည် စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်း၊ တစ်လလျှင် ပျမ်းမျှ ၉၂၅၀၀၀ သို့မဟုတ် တစ်ရက်လျှင် ၃၀၀၀၀ ကျော် လာရောက်မှုရှိခဲ့သည်။

သို့သော်လည်း ၂၀၂၅ ခုနှစ် ပထမငါးလတွင် တရုတ်ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရှိရပြီး ဇန်နဝါရီတွင် နေ့စဉ်ပျမ်းမျှ ၂၁,၃၈၀ မှ မေလကုန်တွင် ၁၀,၀၀၀ ခန့်သို့ ကျဆင်းသွားခဲ့သည်။ ယင်းကြောင့် ပထမငါးလအတွင်း တစ်ရက်လျှင် ပျမ်းမျှ တရုတ်ခရီးသွား ၁၃,၀၀၀ ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံသားခရီးသွားများ ဝင်ရောက်မှု စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

“တရုတ်ခရီးသွားဦးရေ ကျဆင်းနေတဲ့လမ်းကြောင်းအတိုင်း ဆက်ရှိနေရင် ၂၀၂၅ ခုနှစ်မှာ တရုတ်ခရီးသွား ၄-၅ သန်းလောက်သာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖြစ်နိုင်ချေရှိပြီး ၂၀၂၅ ခုနှစ်မှာ ၁၂ နှစ်တာကာလအတွင်း တရုတ်ခရီးသွားဦးရေ ၅ သန်းအောက် ကျဆင်း သွားခဲ့တဲ့ ပထမဆုံး မှတ်တိုင်တခုဖြစ် မှာဖြစ်တယ်ဟုဆိုခဲ့ပြီး ၂၀၂၃-၂၀၂၆ က ကိုဗစ်ဖြစ်ပျက်မှုနှင့် ကိုဗစ်လွန်ကာလကို မထည့်သွင်းဘဲ ယူသာဆပ် (Yuthasak) မှ ပြောကြားခဲ့သည်။

(မှတ်ချက်- ထိုင်းနိုင်ငံသို့လာရောက်သူအများဆုံးမှာ မြန်မာနိုင်ငံမှဖြစ်သည် မြန်မာနိုင်ငံသား များတွင် လေကြောင်းမှလာသူများကုန်းကြောင်းမှလာသူများနှင့်စုစုပေါင်း ၁၀သန်းကျော် ရှိသည် တိုးရစ်များအဖြစ်လာသူများနှင့်စစ်ရှောင်လာသည့်လူချမ်းသာများ က တသောင်း ကျော် ခန့်ရှိနိုင်ပြီး ကျန်လူများမှာ ရွေ့ပြောင်း လုပ်သားများ အလုပ်ကျွန်များ ခိုးဝင်ကြသည့်သူများ သာဖြစ်ကြသည့်အတွက် စာရင်းမဝင်သလို တန်ဖိုးထား ခံရခြင်းလည်း မရှိပါ။)

နေရှင်းသတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော