ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ်သိန်း တစ်သောင်း ကမ်ပိန်းတစ်ခုကို ဒီကနေ့ကစလို့ တစ်လတိတိ ပြုလုပ်သွားမယ်လို့ KNDF ဗျူဟာအမှတ်(၆)စစ်ရေးချုပ် ခူးရီးဒူ ကပြောဆိုလိုက်ပါတယ်။
ကရင်နီပြည်၊ ဒီမော့ဆိုမြို့ဘက်ပိုင်းမှာ စစ်ကောင်စီဘက်က တပ်ရင်း (၁၁)ရင်းအထိ တိုးချဲ့ ထိုးစစ်ဆင်နေပါတယ်။ အခုလိုကမ်ပိန်းကို လုပ်ဆောင်ရတာဟာလည်း ခံစစ်ကနေပြီးတော့ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။
“ လက်ရှိ ဒီမော့ဆို ကျွန်တော်တို့ ဗျူဟာ(၆)ရဲ့ နယ်မြေအတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်း (၁၁)ရင်း တိုးပြီးတော့မှ တိုက်ခိုက်နေတာရှိပါတယ်” လို့ သူက ပြောဆိုခဲ့တာပါ။အခုလို စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ကာကွယ် ရေးဘက်က ကျည်စတဲ့ လိုအပ်ချက်တွေများပြားနေပြီးတော့ အခုအချိန်မှာ ခံစစ်ဆင်နွှဲနေရတဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။
ကရင်နီပြည်ဟာဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ တခြားဒေသတွေထက် စစ်ရေးအရှိန်က အမြင့်ဆုံးမှာရောက်ရှိနေပြီး (၂)နှစ်ကျော်ကာလအတွင်း ကရင်နီပြည်ရဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
Era’s Eye