နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူနဲ့ ဓမ္မဘက်ရပ်တည်လာတဲ့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင် (၁၄၀၀၀)ကျော်ကို ကူညီပံ့ပိုးထားတယ်လို့ NUG ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

စစ်အာဏာရှင်လက်အောက်က ရုန်းထွက်ကာ ပြည်သူနဲ့ ဓမ္မဘက်ရပ်တည်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် (၁၄၀၀၀)ဦးကျော်ကို ကူညီပံ့ပိုးပေးထားတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG အနေနဲ့ သွေးမြေကျမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်ရေးကို ဦးတည်ပြီး “ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီ” ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် “ ၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့အချိန်ကစပြီး နိုဝင်ဘာလ (၂၁) ရက်အထိ ပြည်သူ့ရင်ခွင့် ခိုလှုံလာတဲ့ တပ်နဲ့ ရဲ ဦးရေ (၃၄) ဦးရှိကာ (၂၂) ဦးကို လုံခြုံတဲ့နေရာ ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ (၃၄) ဦးထဲမှာ ဗိုလ်ကြီး (၄)ဦး၊ အရာရှိ (၁)ဦး၊ တပ်ကြပ်ကြီး (၄)ဦး၊ တပ်ကြပ်(၂) ဦး၊ ဒုတပ်ကြပ် (၂)ဦး၊ ရဲဘော် (၁၉) ဦးနဲ့ ရထားရဲ (၂)ဦး ပါဝင်ကာ Pre CDM (ဖရဲသီး) အနေနဲ့ အတွင်းက ထပ်မံပူးပေါင်းလာသူ (၆) ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် လက်နက်ခဲယမ်းတွေအနေနဲ့ MA-1 (၃)လက်၊ ၉မမ ပစ္စတို (၂)လက်၊ MA-4 (၁)လက်၊ ၄၀မမ ဗုံးသီး (၅)လုံး၊ လက်ပစ်ဗုံး (၈)လုံး၊ ၅.၅၆ နဲ့ ၇.၆၂ ကျည် ၁,၀၀၀ နီးပါး ပါဝင်တယ်လို့ NUG က ပြောဆိုထားပါတယ်။

NUG အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာဦးရေ (၃)သန်းခွဲကျော်အထိရှိလာ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 5 Views
စက်တင်ဘာလ (၂၄)ရက်။ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူဦးရေ (၃ ဒသမ ၆)သန်းနီးပါးခန့်ရှိလာခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း (၅၀၀၀)နီးပါး စာရင်းသွင်းထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 5 Views
စက်တင်ဘာလ (၂၄)ရက်။ အခုနှစ်ကုန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းတာမှာ ကိုယ်စားလှယ်လောင်း (၄၉၆၃)ဦးရှိတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမည်စာရင်းတွေကို
မြန်မာသတင်း

ကမ္ဘာ့အဏုမြူဖိုရမ်ကို တက်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ရုရှားကိုသွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 4 Views
စက်တင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားတာကြောင့်ဆိုပြီး မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်-၂၀၂၅ကို
မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 45 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ နတ်တလင်းမြို့ ရွာသာယာရွာသား စိုင်းမြတ်ကိုဖြစ်ပြီး စက်တင်ဘာလ
မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 59 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ဒေါက်တာသီရိမွန်ချမ်းက နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 60 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 52 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ (၉)ဦးကို စစ်တပ်ဖမ်းဆီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 42 Views
စက်တင်ဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကျင်းပတာကို ပျက်‌ပြားအောင်လုပ်တယ်ဆိုပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့ကဖြစ်ကာ သူတို့ထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ လူငယ် (၂)ဦးပါဝင်တယ်လို့