နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ပေါက်တောမြို့မှာ စစ်ကောင်စီက လူသားဒိုင်းအသုံးပြုဖို့ ပြန်ပေးဆွဲထားတဲ့ ဒေသခံ (၁၀၀)နီးပါးကို AA ကယ်ထုတ်ခဲ့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ အသုံးပြုဖို့ ပြန်ပေးဆွဲထားတဲ့ ဒေသခံ (၁၀၀)နီးပါးကို ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်နိုင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၁၆)ရက်ကစပြီး စစ်ကောင်စီဟာ ပေါက်တောမြို့က ရဟန်းသံဃာအပါအဝင် ဒေသခံ (၁၀၀)နီးပါးကို ဓါးစာခံနဲ့ လူသားဒိုင်းကာအနေနဲ့ အသုံးပြုဖို့ ပြန်ပေးဆွဲထားတာ (၆)ရက်ခန့်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ရက္ခိုင့်တပ်တော်(AA)က ပေါက်တောမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး ဓါးစာခံပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားရာက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒေသခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း အထိနာကာ အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကာ ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရသူအချို့ရှိတယ်လို့ ရေးသားထားပါတယ်။

အခုအချိန်အထိ စစ်ကောင်စီဟာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေ အတွဲလိုက်ဒုံးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေသာမက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကိုပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA က ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ရက္ခိုင်ပြည်သူရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲကာကွယ်ပေးနေကာ ရက္ခိုင်ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ထုတ်ပြန်ထားတဲ့အတိုင်း လက်စားချေတုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ချေမှုန်းနေပြီး ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေ အန္တရာယ်ပင်းစွာ လွတ်မြောက်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 10 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 20 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 36 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က ဗန်းမော်မြို့ကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမယ့်
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 22 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 24 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ