နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးဖို့ NUG ဝန်ကြီးတိုက်တွန်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ဂျပန်နိုင်ငံအနေနဲ့ စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးဖို့ နိုဝင်ဘာလ ၂၂ရက်က ဂျပန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံစဉ် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ “ ဂျပန်-မြန်မာ ဆက်ဆံရေး-အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန်လွှတ်တော်တွေရုံးတွင်း ကြားနာပွဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီကြားနာပွဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေအပါအဝင် နွေဦးတော်လှန်ရေးဟာ စနစ်ပြောင်းတော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲချိန် အတူတကွ ဘေးမှာရှိနေပေးတဲ့ ဂျပန်လွှတ်တော်အမတ်တွေကို မိတ်ဆွေစစ်တွေဖြစ်တာကြောင့် ဝမ်းသာမိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မိတ်ဆွေစစ်ဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးဖို့နဲ့ မြန်မာပြည်သူတွေကို ထိရောက်သေချာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတွေ အခုထက်ပိုပြီး ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂအတွင်းရေးမှူး အီရှီဘာရှီ မိချိဟီရိုနဲ့ ဥက္ကဌ နာကာဂါဝါ မာဆာဟာရုက အပြင် သက်ဆိုင်ရာလွှတ်တော်အမတ်တွေက အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျပန်အထက်လွှတ်တော် ဒုဥက္ကဌနဲ့ အောက်လွှတ်တော် ဒုဥက္ကဌတို့နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ကာ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ NUG အစိုးရနဲ့ လက်တွဲပြီး မြန်မာပြည်သူတွေ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးဖို့ကိုလည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့