နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

1027 Operations

1027 Operations မြန်မာသတင်း

MNDAA ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း (၂) ခုကို ထပ်မံ သိမ်းပိုက်၊ စုစုပေါင်း (၁၆၄) ခု သိမ်းပိုက်ရရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

မနေ့က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ MNDAA ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း (၂) ခုကို ထပ်မံသိမ်းပိုက်ရရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် (၇) နာရီ (၃၀) မိနစ်ဝန်းကျင်မှာ MNDAA တပ်ဖွဲ့ဟာ ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်တောင်ကုန်း ရာပါးချင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ကူပြီး ထိုးစစ်ဆင်တိုက်ခိုက်ကာ မနက် (၈) နာရီ (၆) မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ MNDAA ရဲ့ ဖော်ပြချက်အရ တိုက်ပွဲကြာချိန် နာရီဝက်အတွင်း စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။

နေ့လည် (၁၂) နာရီမှာ MNDAA က ရင့်ရှင့်စခန်းရဲ့တစ်ဘက်ခြမ်း ဟုန်အိုင်ထုံးနေရာရှိ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ထိုးစစ်တိုက်ခိုက်လာကာ တိုက်ပွဲနာရီဝက်ကြာဖြစ်ပွားပြီး (၁၂း၃၀)နာရီတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မနက် (၉) နာရီ မိနစ် (၃၀) ဝန်းကျင်မှာ MNDAA ဟာ ဒေသလုံခြုံရေးတပ်ဖွဲ့နဲ့ပူးတွဲပြီး ရှင်းဝမ်ဒေသ ၊ လောက်ကောင်ကျိုင့်မနေ မန်ကန်ရွာကြားဖြတ်သန်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ယောက်ကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က (၉) ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပြီး လက်နက်ခဲယမ်းအချို့ လည်းသိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၂၁) ရက် မနက် (၉) နာရီ (၅၁) မိနစ်လောက်မှာMNDAA ဟာ ကိုးကန့်ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ချစ်ကျူလင်ရွာမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်ပြီး (၁၀) နာရီ (၁၀) မိနစ်အချိန်မှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ခဲယမ်းနဲ့ ဆန်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၁၆၄) ခုကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

MNDAA ဟာ လောက်ကိုင်မြို့ကို မကြာမီ သိမ်းပိုက်တော့မယ်လို့လည်း ကြေညာထားပြီး ဖြစ်ပါတယ်။

လောက်ကိုင်မြို့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က အခြေစိုက်ထားပါတယ်။ မနေ့ကလည်း လောက်ကိုင်မြို့ကို ဒကစဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လောက်ကိုင်မြို့ပေါ်က စစ်ဘေးရှောင်ဖို့ ထွက်လာကြတဲ့ အရပ်သားတွေရဲ့ ကားနှစ်စီးကို ထိမှန်ပြီး ကလေးတွေ အပါအဝင် အနည်းဆုံး (၁၄) ဦး သေဆုံးခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 12 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 15 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 10 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့
မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 25 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က အချက်အလက်များနဲ့ထောက်ပြပြီး ပြတ်ပြတ်သားသား နျူဂျီ ဦးဆောင်မှုနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ကြောင်းကိုဝေဖန်ဆွေနွေးသွားကြမှာဖြစ်ပါတယ်၊ တော်လှန်ရေးအောင်မြင်လိုသူများအားလုံးသိသင့်သိထိုက်တာတွေသိပြီး
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၂၁)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလဲ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 30 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 33 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ