နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူတွေပူးပေါင်းပါဝင်ဖို့ KNDF ဖယ်ခုံဇုန် ဖိတ်ခေါ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ခေတ်မျက်လုံး။

အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ KNDF ဖယ်ခုံဇုန်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

အခုအချိန်မဟာ နွေဦးတော်လှန်ရေးအတွက် အဆုံးအဖြတ်ကာလဖြစ်ပြီး “ ၁၁.၁၁ စစ်ဆင်ရေး” ဟာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနဲ့ အရှေ့ဘက်ကမ်းဒေသမှာ တော်လှန်စစ်တွေ ကြီးထွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဆုံးအဖြတ်တိုက်ပွဲကာလမှာ ပြည်သူတစ်ရပ်လုံးကို ဖိတ်ခေါ်ပြီး နွေဦးတော်လှန်ရေးသမိုင်းကို အတူတကွ ရေးထိုးကြဖို့ လှိုက်လှဲစွာကြိုဆိုတယ်လို့ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားတာတွေကို ပေးပို့တာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းတွေကို လိုက်နာပြီး ပူးပေါင်းပါဝင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်သားမှာ ပါဝင်တာအပြင် ထောက်ပို့အင်အားနဲ့ လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်ပြီး ပါဝင်နိုင်တယ်လို့ KNDF ဖယ်ခုံဇုန်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာဦးရေ (၃)သန်းခွဲကျော်အထိရှိလာ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 5 Views
စက်တင်ဘာလ (၂၄)ရက်။ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူဦးရေ (၃ ဒသမ ၆)သန်းနီးပါးခန့်ရှိလာခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း (၅၀၀၀)နီးပါး စာရင်းသွင်းထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 5 Views
စက်တင်ဘာလ (၂၄)ရက်။ အခုနှစ်ကုန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းတာမှာ ကိုယ်စားလှယ်လောင်း (၄၉၆၃)ဦးရှိတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမည်စာရင်းတွေကို
မြန်မာသတင်း

ကမ္ဘာ့အဏုမြူဖိုရမ်ကို တက်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ရုရှားကိုသွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 4 Views
စက်တင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားတာကြောင့်ဆိုပြီး မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်-၂၀၂၅ကို
မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 45 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ နတ်တလင်းမြို့ ရွာသာယာရွာသား စိုင်းမြတ်ကိုဖြစ်ပြီး စက်တင်ဘာလ
မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 59 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ဒေါက်တာသီရိမွန်ချမ်းက နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 60 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 52 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်
မြန်မာသတင်း

ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ (၉)ဦးကို စစ်တပ်ဖမ်းဆီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 42 Views
စက်တင်ဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကျင်းပတာကို ပျက်‌ပြားအောင်လုပ်တယ်ဆိုပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့ကဖြစ်ကာ သူတို့ထဲ အသက်(၁၈)နှစ်မပြည့်သေးတဲ့ လူငယ် (၂)ဦးပါဝင်တယ်လို့