နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အရှေ့အလယ်ပိုင်း အာရှ

ထိုင်းတွင် လျှပ်စစ်သုံးဘီး “တုတ်တုတ်” များ ခေတ်စားလာပြီး ကမ္ဘာလှည့်ခရီးသည်များအကြိုက်တွေ့

ထိုင်းနိုင်ငံတွင် “တုတ်တုတ်” သုံးဘီးအငှားယဉ် အက်ပလီကေးရှင်းများသည် ခရီးသွားများ စိတ်အနှောက်အယှက် ဖြစ်စေခြင်းကို သက်သာစေသည်။ MUVMI အက်ပလီကေးရှင်းသည် ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြင့် နိုင်ငံခြားသားများ ငှားရမ်း စီးနင်းမှုကို ပိုမိုလွယ်ကူစေသည်။

ဘန်ကောက် – RIDE-HAILING အက်ပလီကေးရှင်းများသည် ထိုင်းနိုင်ငံ၏ နေရာအနှံ့ သုံးဘီးတပ် TUK-TUK တက္ကစီများကို ယာဉ်မောင်းများနှင့် ခက်ခဲသော ဈေးနှုန်းညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်မှုကို ဖယ်ရှားပေးခြင်းဖြင့် နိုင်ငံခြားခရီးသွားများကို ပိုမို ငှားရမ်းလာစေခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်က ၎င်း၏ MUVMI အငှားယာဉ်ဝန်ဆောင်မှုကို စတင်ခဲ့သည့် URBAN MOBILITY TECH သည် ပုံမှန်အရွယ်ခရီးသည် သုံးဦး သို့မဟုတ် လေးဦးသာ တင်ဆောင်နိုင်သည့် သုံးဘီယဉ်နှင့် နှိုင်းယှဉ်ပါက လူခြောက်ဦးအထိ တင် ဆောင်နိုင်သည့် ပိုကြီးသော လျှပ်စစ် TUK-TUKS များကို ထုတ်လုပ် ပေးအပ်ထားသည်။ MUVMI သည် စီးနင်းသူ ၃.၅ သန်းကို ဝန်ဆောင်မှုပေးခဲ့သည်။

မော်တော်ဆိုင်ကယ်သုံးဘီးများနှင့်ဆင်တူသည့် ဘီးတပ်ကားများသည် လူစည်ကားသောလမ်းများပေါ်ရှိ ကားများထက် ပိုမိုကောင်းမွန်သော မောင်းနှင်နိုင်မှုကို ပေးစွမ်းပြီး ထိုင်းနိုင်ငံ၏ တစ်နှစ်ပတ်လုံး အပူဒဏ်ကြောင့် ခြေလျင်ခရီးသွားခြင်းကို ရှောင်ရှားရန် ရွေးချယ်စရာတစ်ခုဖြစ်သည်။ “ကလေးတွန်းလှည်းကို ခေါက်စရာမလိုတဲ့အတွက် မင်းရဲ့ကလေးကို ခေါ်သွားရတာ အဆင်ပြေတယ်” ဟု ဘန်ကောက်ရှိ အသက် ၃၃ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးက ပြောသည်။

ဓာတ်ပုံ။ ကိုဆုကေ အိနိုအူအေ“တုတ်တုတ်”တက္ကစီများကို ဘန်ကောက်မြို့ တရုတ်တန်းတွင် ရပ်နားထားစဉ်။

ယခုအခါ အဆိုပါကုမ္ပဏီသည် ဘန်ကောက်ရှိ ဧရိယာ ၁၂ နေရာတွင် လျှပ်စစ်သုံး တုတ်တုတ်ကား ၃၅၀ စီး လည်ပတ်လျက်ရှိသည်။ စီးနင်းသူများသည် လူတင်သည့်နေရာ 1,000 ကျော်တွင် စီးနင်းနိုင်သည်။ ပုံမှန်အားဖြင့်တော့ ယာဉ်စီးခကို မဖြေရှင်းခင် တက္ကစီယာဉ်မောင်းနဲ့ ခရီးသည်တွေက ညှိနှိုင်းကြပါတယ်။ ထိုသို့သော အစီအစဉ်သည် ထိုင်းစကား မပြောတတ်သူများ အတွက် ပြဿနာ ဖြစ်စေနိုင်သည်။

သို့သော် MUVMI အက်ပ်ပလီကေးရှင်းသည် အကွာအဝေးပေါ် မူတည်၍ ဈေးနှုန်းများကို တွက်ချက်ပြသပေးသည်၊ ဆိုလို သည်မှာ ဈေးနှုန်းအတွက် ငြင်းခုံရန် မလိုအပ်ပါ။ စီးနင်းသူများသည် ခရက်ဒစ်ကတ်ဖြင့် ကြိုတင်ငွေပေးချေနိုင်သည်။ URBAN MOBILITY TECH ကုမ္ပဏီသည် “ ၎င်း၏လျှပ်စစ်တိုတ်တိုတ်ကားကိုယ်ထည်များသည် သန့်ရှင်းပြီး ဖောက်သည် အချို့အတွက် အငှားရဆုံးကား” ဖြစ်သောကြောင့် ဖောက်သည်အများကို ဆွဲဆောင်မှုရှိသည်” ဟု ဂျာမန်အတိုင်ပင်ခံ ROLAND BERGER ၏ အာရှ-ဂျပန်ရေးရာဌာနကို ဦးဆောင်သူ “ကင်းအိချိ ရှိမိုမူရာ”က ပြောသည်။

MUVMI သည် 2018 ခုနှစ်မှစတင်၍ ၎င်း၏ တက္ကစီများဖြင့် ခရီးသည် 3 သန်းကျော်ကို ပို့ဆောင်ခဲ့သည်။ အရှေ့တောင် အာရှ၏အကြီးဆုံးအငှားယာဉ် အက်ပလီကေးရှင်းဖြစ်သည့် စင်္ကာပူအခြေစိုက် GRAB သည် ထိုင်းအပန်းဖြေကျွန်း ဖူးခက်တွင် အလားတူ တုတ်တုတ် ဝန်ဆောင်မှုကို စတင်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့မှ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၂၅ သန်း လာရောက်ရန် မျှော်မှန်းထားပြီး ယခုအခါ တရုတ်နိုင်ငံမှ ပြင်ပ ခရီးသွား ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် COVID-19 အနိမ့်ဆုံးမှ ပြန်လည် အားကောင်းလာရန် မျှော်မှန်းထားသည်။ MUVMI သည် ၎င်း၏ယာဉ်စုကို ယခုနှစ်ကုန်တွင် တက္ကစီအစီးရေ ၁,၀၀၀ အထိ တိုးချဲ့သွားရန် စီစဉ်ထားသည်။

သို့သော် MUVMI သည် မော်တော်ဆိုင်ကယ်အငှားယာဉ်များနှင့် လူတင်ယဉ်အဖြစ်ပြောင်းလဲထားသော ထရပ်ကားများကဲ့သို့ အခြားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်စရာ များစွာရှိနေသောအခြေအနေနှင့် ပြင်းထန်သောပြိုင်ဆိုင်မှုကို ရင်ဆိုင်နေ ရသည်။ မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းများသည် မိမိတို့၏ ဖောက်သည်များကို ရယူသွားခြင်းအတွက် အက်ပ်ပလီကေးရှင်းတပ်တုတ်တုတ်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ GRAB က ၎င်းသည် သူ၏ ယဉ်မောင်းသူများ အတွက် ရေရှည်တည်တံ့သောဝင်ငွေကို အထောက်အကူဖြစ်စေမည်ဟု ပြောကြားထားသည်။

Source: Nikkei Asia

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 34 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 42 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 42 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup