နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါကစ္စတန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အီရန်တို့ ငြိမ်းချမ်းရေးအကြိုသဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်

BBC ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ ရက်

ပြီးခဲ့သည့်သီတင်းပတ်က စစ်ပွဲအဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်အရာရှိများသည် ဆွစ်ဇာလန်နိုင်ငံ၌ တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ် ရရှိရန် ကတိကဝတ်ပြုမှု၊ လက်ဘနွန်အပါအဝင် “စစ်မျက်နှာအားလုံး” တွင် တိုက်ပွဲများ ရပ်ဆိုင်းရန် နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန်တို့ ပါဝင်သည်။

သို့သော်လည်း အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား လက်ဘနွန်၌ ပိုမိုပြင်းထန်သော ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အီရန်က ၎င်း၏ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို စနေနေ့တွင် ပိတ်ပစ်လိုက်ကြောင်း ကြေညာ ခဲ့သည်။ သို့သော် သင်္ဘောတည်နေရာခြေရာခံ အချက်အလက်များအရ ရေယာဉ်များသည် အဆိုပါရေလက်ကြားကို ဆက်လက်ဖြတ်သန်းနေဆဲဖြစ်ကြောင်း ပြသနေသည်။

ဆွေးနွေးပွဲများ စတင်ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်တွင် အီရန် အနေဖြင့် “လက်ဘနွန်မှာ ပြဿနာရှာနေတဲ့ သူတို့ရဲ့ အခကြေးငွေ အမြောက်အမြား ပေးထားတဲ့ လက်ဝေခံ (PROXIES) တွေကို ချက်ချင်းရပ်တန့်ရမယ်” ဟု ရေးသားခဲ့သည်။
အကယ်၍ ထိုသို့မလုပ်ဆောင်ပါက “အီရန်ကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမယ်” ဟု သူက ခြိမ်းခြောက်ခဲ့သည်။

ဆွေးနွေးပွဲများမစတင်မီ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က အမေရိကန်အနေဖြင့် “နျူကလီးယားကိစ္စ” နှင့် လက်ဘနွန်အရေးတို့တွင် တိုးတက်မှုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ တဟီရန်ဘက်ကမူ “တစ်ဖက်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ Bürgenstock အပန်းဖြေစခန်း၌ ဗန့်စ်က ပြောကြားရာတွင်- ထရမ့်သည် စေလွှတ်ထားသော ညှိနှိုင်းရေးမှူးများကို “စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်ရန်” တောင်းဆို ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အကယ်၍ အီရန်ခေါင်းဆောင်ပိုင်းအနေဖြင့် “ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသူ” အဖြစ်မှလည်းကောင်း၊ “ရေရှည် နျူကလီးယားလက်နက် ရည်မှန်းချက်များ” ကိုလည်းကောင်း စွန့်လွှတ်ရန် ဆန္ဒရှိပါက အမေရိကန်အနေဖြင့် “အဆိုပါနိုင်ငံနဲ့ ဆက်ဆံရေးကို အခြေခံကစ ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်ကမူ ၎င်း၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်သာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမာအေးလ် ဘာကေအီ (Esmaeil Baqaei) က ထုတ်ပြန်ချက်တစ်ခုတွင်- နောက်ဆုံးသဘောတူညီချက်အတွက် ညှိနှိုင်းမှုများ သည် စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းရေးအပါအဝင် လက်ရှိကတိကဝတ်များကို အသက်သွင်း ရန် အပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ ဆွေးနွေးပွဲများသည် အကောင်အထည်ဖော်မှုအပေါ်တွင် အဓိကအာရုံစိုက်ထားကြောင်း ၎င်းက ဆိုသည်။

ဗန့်စ်နှင့်အတူ ထရမ့်၏ သမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ (Jared Kushner) နှင့် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ တက်ရောက်ခဲ့ကြသည်။
အီရန်ဘက်မှမူ လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi) တို့သည် စနေနေ့နှောင်းပိုင်းတွင် ဆွစ်ဇာလန်သို့ ရောက်ရှိလာခဲ့ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ် နှင့် ၎င်းနိုင်ငံ၏ တပ်မတော်အကြီးအကဲ ဖီးလ်မာရှယ် အာဆင် မူနီယာ (Field Marshal Asim Munir) တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။ ပါကစ္စတန်သည် စစ်ပွဲတစ်လျှောက်လုံးတွင် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ယခင်ကလည်း အမေရိကန်နှင့် အီရန်အကြား ညှိနှိုင်းမှုများကို လက်ခံကျင်းပပေးခဲ့ဖူးသည်။

အမေရိကန်နှင့် အီရန်သမ္မတများသည် စစ်ပွဲကို ချက်ချင်းရပ်စဲရန် ရည်ရွယ်ချက်ဖြင့် ယခုသီတင်းပတ်အစောပိုင်းတွင် အကြိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ၂၀% ဖြတ်သန်းသယ်ယူပို့ဆောင်နေသည့် အဓိကရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်သည်။ ထိုရေလက်ကြား လက်တွေ့ပိတ်ဆို့ခံရမှုကြောင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်ပျက်ပြားစေခဲ့သည်။

အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောများအပေါ် စစ်ရေးအရ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန် သဘောတူညီခဲ့သည်။

ထို့ပြင် အဆိုပါ အကြိုသဘောတူညီချက်တွင် အီရန်နိုင်ငံ “ပြန်လည်ထူထောင်ရေး” အတွက် ဒေါ်လာ ဘီလီယံ ၃၀၀ (£၂၂၄ ဘီလီယံ) စီမံကိန်းနှင့် အမေရိကန်က အီရန်အပေါ် ချမှတ် ထားသည့် “ပိတ်ဆို့အရေးယူမှု အမျိုးအစားအားလုံး” ကို ရုပ်သိမ်းပေးရန်လည်း ပါဝင်သည်။

သို့သော်လည်း အမေရိကန်က ၎င်းပဋိပက္ခ၏ အဓိကအကြောင်းအရင်းအဖြစ် ထုတ်ဖော် ပြောဆိုထားသည့် အီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာကိစ္စရပ်ကိုမူ ဆက်လက်ညှိနှိုင်း ရဦးမည်ဖြစ်သည်။ ထရမ့်၏ ပထမသက်တမ်းအတွင်းက အိုဘားမားခေတ်က အီရန်နှင့်ချုပ် ဆိုခဲ့သည့် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အား နှုတ်ထွက်စေခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခဲ့သည်။

ယခုသီတင်းပတ်အတွင်းချုပ်ဆိုခဲ့သည့် အကြိုသဘောတူညီချက်အရ စစ်မျက်နှာအားလုံးတွင် တိုက်ပွဲများ ရပ်ဆိုင်းရမည်ဖြစ်သော်လည်း၊ သောကြာနေ့က နှစ်ဖက်စလုံး သဘောတူညီ ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် သဘောတူညီချက်များရှိလင့်ကစား အစ္စရေးနှင့် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား သေကြေပျက်စီးမှုများရှိသည့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးကတည်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး၊ ဟစ်ဇ်ဘိုလာ၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်သား ၅ ဦး သေဆုံးခဲ့သည်။ အီရန်ကမူ အမေရိကန်နှင့် အစ္စရေးတို့သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် စနေနေ့တွင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ရေကြောင်းခြေရာခံဝက်ဘ်ဆိုက် MarineTraffic ၏ တည်နေရာပြ အချက် အလက်များအရ တနင်္ဂနွေနေ့တွင် သင်္ဘောအချို့သည် အဆိုပါရေလက်ကြားသို့ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းနှင့် ဖြတ်သန်းခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။
မွန်းလွဲပိုင်းနှောင်းပိုင်းအချိန်အထိ ရေနံတင်သင်္ဘော ၄ စီး ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည်။

အခြားသော ကုန်တင်သင်္ဘော ၄ စီးမှာမူ ပြီးခဲ့သည့်သီတင်းပတ်ကုန်ကတည်းက ရေလက် ကြား၏ အနောက်ဘက်အဝင်တွင် ရပ်တန့်နေခဲ့ပြီးနောက် ယခုအခါ အရှေ့ဘက်သို့ ဦးတည် ခုတ်မောင်းနေပုံရသည်။ ဆန့်ကျင်ဘက်လမ်းကြောင်းတွင်လည်း ရေယာဉ် ၄ စီးသည် အီရန် ကမ်းရိုးတန်းအလွန် ရေပြင်မှ ထွက်ခွာပြီး အနောက်ဘက် ရေလက်ကြားအပြင်ဘက်သို့ ဦးတည်နေပုံရသည်။ သို့သော် အချို့သောသင်္ဘောများသည် ၎င်းတို့၏ ခြေရာခံကိရိယာများ ကို ပိတ်ထားနိုင်သောကြောင့် ခြေရာခံအချက်အလက်များသည် လှုပ်ရှားမှုအားလုံးကို ဖမ်းယူနိုင်ခြင်းမရှိပေ။

အစ္စရေးကမူ ဟစ်ဇ်ဘိုလာနှင့် ဖြစ်ပွားနေသော ၎င်း၏ ပဋိပက္ခသည် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့သည့် အီရန်နှင့်စစ်ပွဲနှင့် သီးခြားစီဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။

အီရန်၏ အဓိကခေါင်းဆောင် အသတ်ခံခဲ့ရသည့် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာက အစ္စရေးအတွင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက်၊ မကြာမီမှာပင် လက်ဘနွန်နိုင်ငံသည်လည်း စစ်ပွဲအတွင်းသို့ ဆွဲသွင်းခြင်းခံခဲ့ရသည်။

အစ္စရေးက လက်ဘနွန်တစ်ဝန်းလုံးကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ တုံ့ပြန်ခဲ့ပြီး၊ ၎င်း၏ မြောက်ဘက်နယ်စပ်မှ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများကို မောင်းထုတ်ရန် မျှော်လင့်ချက်ဖြင့် လက်ဘနွန်တောင်ပိုင်း နယ်မြေ၏ ၅% ခန့်ကို သိမ်းပိုက်ထားခဲ့ကာ ရုပ်သိမ်းပေးရန် အစီအစဉ်မရှိကြောင်း ပြောကြားထားသည်။

မတ်လ ၂ ရက်နေ့ကတည်းက လက်ဘနွန်တွင် လူပေါင်း ၄,၀၅၇ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ၎င်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အစ္စရေးအာဏာပိုင်များ၏ အဆိုအရ လက်ဘနွန်တွင် အစ္စရေးစစ်သား အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး၊ အစ္စရေးမြောက်ပိုင်းတွင် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ – Getty Images) ဒုတိယသမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့ ဆွေးနွေးပွဲများမတိုင်မီ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်အား နှုတ်ဆက်စဉ်

(ဓာတ်ပုံ – AFP via Getty Images) အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ အပန်းဖြေစခန်းသို့ ရောက်ရှိလာစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက