◼ စစ်ကောင်စီနှင့် ဆက်နွယ်မှုများပြုလုပ်သည့်အတွက် ဆန္ဒပြကြခြင်းဟုဆို
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံအားပေးတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌကို ဂျပန်ရောက်မြန်မာလူမျိုးတွေက ဖေဖေါ်ဝါရီ (၂၃)ရက်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။


အဲဒီဆန္ဒပြပွဲကို Revolution Tokyo Myanmar (RTM) အဖွဲ့က ဦးဆောင်ခဲ့ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် ဒီမိုကရေစီအရေးလိုလားသူ ဂျပန်နိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပြီး တိုကျိုမြို့ရှိ နီပွန်ဖောင်ဒေးရှင်းရုံး အဆောက်အဦအရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။


ဆန္ဒပြမြန်မာများက ဆာဆာဂါဝါအနေဖြင့် NUG အစိုးရကို ထောက်ခံရန်၊ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး စစ်ကောင်စီကို ထောက်ခံမှုများ ချက်ချင်းရပ်ရန်၊ မြန်မာပြည်ငြိမ်းချမ်းရေးလိုလားသည့် လုပ်ဆောင်မှုကို ပြသသည့်အနေဖြင့် လုပ်ရပ်များနှင့်သက်သေပြရန်၊ အကျဉ်းချခံထားရသည့် ပြည်သူ့ခေါင်းဆောင်များနှင့် အပြစ်မဲ့ပြည်သူများကို ချက်ချင်းလွှတ်ပေးရေး စစ်ကောင်စီအား ဖိအားပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။


Photo – RTM