ဖားကန်မြို့ Happy KTV တွင် ဧပြီ (၂၃) ရက် မနက် အစောပိုင်းက အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် ဗိုလ်မှုးတစ်ဦးအပါအဝင် ငါးဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရသူတွေက စစ်ကောင်စီရဲ့ တပ်မ (၃၃) လက်အောက်ခံ၊ တပ်ရင်း (၁၃) က ဗိုလ်မှူးတစ်ဦး၊ အသက် ၄၀ အရွယ် လုပ်ငန်းရှင်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗိုလ်မှူးဇော်မောင်ဟာ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၃ မှဖြစ်ပြီး DSA အပါတ်စဥ် ၄၇ ဆင်း ဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဖားကန့်မြို့ အဝင်၊ အထွက်ဂိတ်တွေနဲ့ လမ်းမတွေပေါ်မှာ လုံခြုံရေး တိုးမြှင့် ထားပြီး လမ်းသွားလမ်းလာတွေကိုပါ တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
(ဖားကန့် Happy KTV ကိုတွေ့ရစဥ်။ဓါတ်ပုံ-ဖားကန့်KTV ဖေစ်ဘွခ်)