နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ရွေးကော် ဒု-ညွှန်ကြားရေးမှူးချုပ် ပစ်ခတ်ခံရတဲ့ ရုပ်သံပေါ်ထွက်လာ။

ဒီကနေ့ ဧပြီလ (၂၂) ရက် မွန်းလွဲအချိန်က တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းကြီးပေါ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ပစ်ခတ်ခဲ့တဲ့ CCTV ရုပ်သံဖိုင်တခု စစ်ကောင်စီထောက်လှမ်းရေးကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။


ဖြစ်စဥ်က ဒီကနေ့ ဧပြီလ (၂၂) ရက်နေ့ နေလယ် (၂) နာရီလောက်မှာ ဦးစိုင်းကျော်သူ စီးလာတဲ့ကားကို စက်ဘီးစီးလာတဲ့အမျိုးသားနှစ်ဦးက စက်ဘီးနဲ့ ကျော်တက်ပြီးတော့ သေနတ်နဲ့ (၅) ချက်ထက် မနည်းပစ်သွားတာကို တွေ့မြင်နိုင်ပါတယ်။
ဦးစိုင်းကျော်သူဟာ သူရဲ့ဇနီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းပို့ပြီး ပြန်လာချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။


ဒီမစ်ရှင်ကို For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 12 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်
မြန်မာသတင်း

ဖလမ်းမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေ ချင်းပူးပေါင်းတပ် သိမ်းဆည်းရရှိခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ဖလမ်းမြို့ မဏိပူရမြစ်ဘေးမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မဏိပူရမြစ်ဘေးမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန် အကြမ်းဖက်စစ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို သိမ်းဆည်းရမိခဲ့တာ”
မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦး ထိမှန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မနေ့က နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ မြင်းခြံရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ
မြန်မာသတင်း

စစ်ဆင်ရေးဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို စစ်တပ်က သေဒဏ်နဲ့ ထောင်ဒဏ်ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ဦးဟာ ဒကစ(စစ်တွေ)မှာ စစ်တရားရုံးတင်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗုံးကြဲခံရတဲ့အချိန်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်‌နေတဲ့အချိန်လို့ သိရတယ်။ အဲ့ဒီမှာ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံမှာ မေမေနဲ့ နေထိုင်ခဲ့ချိန်က ဖိုးဖိုးရဲ့ ကတ်တနာ(ဓါး)ကို