နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စာရေးဆရာ ပရဟိတသမား ဝေဟင်အောင်နှင့် အဖွဲ့ ပြန်လွတ်လာဟု သိရ

စာရေးဆရာ ပရဟိတသမား ဝေဟင်အောင်နှင့်အဖွဲ့ ယနေ့ မေ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်လာပြီဟု ရခိုင်အခြေစိုက်သတင်းဌာနများထံမှ သိရှိရပါသည်။


ကိုဝေဟင်အောင်နှင့်အတူ သူ၏သမီး၊ တပည့်တစ်ဦးအပါအဝင် ရန်ကုန်က ဗိုလ်စိန်ပရဟိတအဖွဲ့မှ အမျိုးသားနှစ်ဦး စုစုပေါင်း ၅ ဦးကို ယမန်နေ့ မေလ ၂၃ ရက်‌ နေ့လယ် ၃ နာရီကျော်အချိန်ကစစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ ကိုဝေဟင်အောင်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောချက်ကြောင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁) နှင့် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့်ထောင်ဒဏ် ၂ နှစ်၊ တစ်ပေါင်းတည်း ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရပြီး အကျဉ်းကျနေရာမှ ၃ နှစ်ကြာပြီးနောက် လွတ်ငြိမ်းသာခွင့်နှင့် ပြန်လွတ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် မိုခါမုန်တိုင်းကြောင့် ကယ်ဆယ်ရေးလာလုပ်ပေးသူများနှင့် ရခိုင်သို့လာရောက်သတင်းယူသည့် သတင်းမီဒီယာတချို့ကို စောင့်ကြည့်ဖမ်းဆီးခြင်းကို ပြုလုပ်နေကြောင်းလည်း သိရှိရပါသည်။

Source: Western News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသမှာ အရန်အင်အားစုဆိုပြီး မဖြစ်မနေ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 15 Views
‌ဧပြီလ (၂၅)ရက်။ ယောဒေသမှာ အရန်အင်အားစုတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ မဖြစ်မနေ စစ်ပညာသင်သင်တန်း တက်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရေစကြိုမှာ ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 34 Views
ဧပြီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က ရေစကြိုမြို့နယ်မှာ ခလရ(၂၅၈)တပ်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ တောင်ပိုင်းကရင်ပြည်နယ်မှာ တတိယလှိုင်းစစ်ဆင်ရေးလုပ်ဖို့ ကေအင်ယူက စတင်နေပြီလို့ ကေအင်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကော့ကရိတ်နဲ့
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 29 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 30 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့