နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ စီမံကောင်စီအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှကြည်သည် နေအိမ်သို့ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန်လ ၂၃ရက်နေ့ ည ၇နာရီကျော်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်(၂)ဖြစ်သူ ဦးလှကြည်သည် ကားဖြင့် အိမ်ပြန်လာစဉ် ယုဇနဥယျာဉ်မြို့တော် C ဘလောက် ၁လမ်းနဲ့ စိန်ပမ်းလမ်းထောင့်အရောက်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်ဖြင့် ၁၂ချက်ခန့် ပစ်ခတ်ခဲ့တာပါ။



“သူက အိမ်ကို ကားနဲ့ပြန်လာတဲ့အချိန် ဆိုင်ကယ်စီးလာတဲ့သူနှစ်ယောက် သေနတ်နဲ့ပစ်သွားတာ၊ အချက်ရေ ၁၀ချက်ကျော်လောက်ရှိတယ်၊ အသံကြားရတာ။ ဆေးရုံရောက်တော့ ဆုံးသွားတယ်လို့ကြားတယ်”လို့ ယုဇနဥယျာဉ်မြို့တော်နေသူတစ်ဦးက ဆိုပါတယ်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးလှကြည်သည် ယာရင်ဘတ် ကျည်ထိဒဏ်ရာ ၂ချက်၊ ယာနံဘေး ကျည်ထိမှန်ဒဏ်ရာ ၁ချက်၊ ဝဲရင်ဘတ် ကျည်ထိဒဏ်ရာ ၁ချက်တို့ရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ည ၈နာရီကျော်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ Luger  ကျည်ခွံ ၁၂ခုတွေ့ရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုအား Dagon Seikkan PDF အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရကာ ဦးလှကြည်သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ YMBA ဥက္ကဌဖြစ်တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 1 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ
မြန်မာသတင်း

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်တဲ့မြို့တွေကို ရရှိအောင် ဆက်လက်ကြိုးစားနေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတချိန်ထဲမှာ စစ်ကော်မရှင်ဟာ သူစွန့်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ရဖို့ နိုင်ငံအနှံထိုးစစ်ဆင်နေသလို ရခိုင်ရှိ ကျောက်ဖြူမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းကာ
မြန်မာသတင်း

မဲစာရင်း အချက်အလက် ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ဝန်ကြီး ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 3 Views
အောက်တိုဘာလ (၁၁)ရက်။ ရွေးကောက်ပွဲအတွက်ဆိုပြီး ကြေညာထားတဲ့ မဲစာရင်း အချက်အလက်ကွဲလွဲတာတွေရှိတယ်လို့ စစ်ကော်မရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်အနေနဲ့ မဲစာရင်းတွေကို ကြေညာခဲ့တာမှာ အချို့ဒေသတွေမှာ မဲစာရင်း မပြည့်စုံတာ၊ အချက်အလက်ကွဲလွဲတာနဲ့ လိုအပ်ချက်တွေ
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ် ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 5 Views
အောက်တိုဘာလ (၁၀)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၁၀)မိနစ်အချိန်က မုံရွာ-မန္တလေးလမ်းမပေါ်မှာ ယာဉ်တန်းလုံခြုံးရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို လုံခြံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ
မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 57 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်ရက်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်တဲ့သတင်းကို
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 59 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝဲဘောင်းရွာထဲကို