နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး အာရှ

ထိုင်းနိုင်ငံတွင် ဖွေထိုင်းပါတီသည် ရှေးရိုးစွဲပါတီများနှင့် ပူးပေါင်းရန် ဆွေးနွေးနေသည်။

ထိုင်းနိုင်ငံတွင် ဖွေထိုင်းပါတီသည် ရှေးရိုးစွဲပါတီများနှင့် ပူးပေါင်းရန် ဆွေးနွေးနေသည်။ ရွေးကောက်ပွဲအနိုင်ရပါတီ နံပါတ်နှစ် အစုအဖွဲ့၏ လှုပ်ရှားမှုသည် Move Forward ပါတီကို အတိုက်အခံဖက်သို့ ဦးတည်သွားစေနိုင်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ ဘန်ကောက်။

အောက်လွှတ်တော်ရှိ ဒုတိယအကြီးဆုံးပါတီဖြစ်သည့် ထိုင်းနိုင်ငံ၏ ဖွေထိုင်းပါတီသည် အစိုးရဖွဲ့ရန် မဲအလုံအလောက် ရရှိရန် ကွန်ဆာဗေးတစ်ဖက်မှ နိုင်ငံရေးပါတီများနှင့် စတင်ဆွေးနွေး နေပြီဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရသူနှင့် အတိုက်အခံပါတီသို့ တွန်းအားပေးနိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် ဖွေထိုင်းပါတီသည် Move Forward ပါတီကို အားပေးခဲ့သည်။

မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၄၁ နေရာ အနိုင်ရရှိခဲ့သော ဖွေထိုင်းသည် ပါလီမန်မှ Move Forward ခေါင်းဆောင် ပီတာလင်ဂျရွန်ရတ်၏ ဝန်ကြီးချုပ်ရာထူး ရရှိရန်ကြိုးစားမှုကို ပြီးခဲ့သည့် သီတင်းပတ်က ပိတ်ဆို့ခဲ့ပြီးနောက် ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ကို ဖွေထိုင်းမှ ဦးဆောင်ရန်အခွင့်အရေးကို ရရှိခဲ့သည်။


စနေနေ့တွင် ဖွေထိုင်းခေါင်းဆောင် ချိုလ်နန် စရီကယူးက Bhumjaithai, Chart Thai Pattana နှင့် United Thai Nation ပါတီများမှ ခေါင်းဆောင်များအား ထောက်ခံမှုပေးရန် ပြီးခဲ့သည့်အစိုးရလက်ထက် အာဏာရညွန့်ပေါင်းအဖွဲ့မှ ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။ “တိုင်းပြည်အတွက် အဖြေရှာဖို့ ဆွေးနွေးမှုတစ်ခုပါပဲ” ဟု ချိုလ်နန်က စနေနေ့တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် ပူးတွဲပါလီမန်အစည်းအဝေးအတွက် မဲပိုမိုရရှိရန် မျှော်လင့်ထားသည့် အခြားသော စစ်ဘက်လိုလားသူ Palang Pracharath ပါတီနှင့်လည်း တနင်္ဂနွေနေ့တွင် တွေ့ဆုံခဲ့သည်။


Move Forward ပါတီ၏ နိုင်ငံတော်ချီးမြင့်မှုဥပဒေ သို့မဟုတ် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် မူဝါဒကြောင့် အထက်လွှတ်တော်အမတ်အများစုသည် ပီတာအား ဆန့်ကျင်မဲ ပေးခဲ့ကြသည် သို့မဟုတ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပထမအကျော့တွင် မဲမပေးဘဲ နေခဲ့ကြသည်။ Move Forward ပါတီသည် ဘုရင်စနစ်အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပယ်ဖျက်ပေးရန် ငြင်းဆိုခဲ့သည်။ ယင်းက အစိုးရသစ်ဖွဲ့ရန် Move Forward ပါတီ၏ ကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖွေထိုင်းနှင့် ဆွေးနွေးမှုတွင် ကွန်ဆာဗေးတစ် ပါတီများသည် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ရည်ရွယ်ထားသောပါတီနှင့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်မည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။


“အခု အသေအချာပြောနိုင်တာက ညွန့်ပေါင်းအဖွဲ့မှာ Move Forward ပါတီပါရင် ညွန့်ပေါင်းအဖွဲ့ထဲ မဝင်နိုင်ပါဘူး” ဟု အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၇၁ နေရာတွင် တတိယအများဆုံးရခဲ့သည့် Bhumjaithai ပါတီ၏ ခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်က ပြောသည်။


နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ဖွေထိုင်းသည် မသေမချာဖြစ်မှုကို ရှောင်ရှားလိုပါက Move Forward ပါတီသည် အတိုက်အခံပါတီ ဖြစ်လာလိမ့်မည်ဟု သုံးသပ်ထားသည်။ “ပုဒ်မ ၁၁၂ က သူတို့အတွက် လမ်းပိတ်ဆို့မှု ဖြစ်နေတဲ့အတွက် ဖွေထိုင်းပါတီက အစိုးရဖွဲ့ဖို့အတွက် ရှေ့ဆက်ဖို့ ခက်နေပါတယ်” ဟု ရမ်ကမ်ဟင်တက္ကသိုလ်မှ နိုင်ငံရေးပညာရှင် Boonyakiat Karavekphan က ပြောသည်။


College of Asian Scholars မှ နိုင်ငံရေးသိပ္ပံပညာရှင် Jade Donavanik က Nikkei Asia သို့ ပြောကြားရာတွင် “ဖြစ်နိုင်ချေ အလားအလာ” မှာ ဖွေထိုင်းသည် ညွန့်ပေါင်းအသစ် ဖွဲ့စည်းရန် ဖြစ်သည်။ ဖွေထိုင်း၏ ညွန့်ပေါင်းတွင် ဖွေထိုင်းပါတီရရှိသည့် ၁၄၁ နေရာ၊ Bhumjaithai မှ ၇၁ နေရာ၊ Palang Pracharath မှ ၄၀၊ United Thai Nation ပါတီ မှ ၃၆ ကျန်ပါတီငယ်များမှ Chart Thai Pattana မှ ၁၀၊ Prachachat Partyမှ ၉ နေရာ၊ ကျန်ပါတီငယ်လေးများမှ ၃ နေရာ ရဖို့ရှိပါသည်။
ထိုညွန့်ပေါင်းအဖွဲ့သစ်ကို ပုဒ်မ ၁၁၂ ကို မပြင်ဆင်လိုသည့် ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်တွေဆီက မဲရဖို့ ပိုလွယ်မည်ထင်ပါသည်ဟု ဆိုသည်။


တစ်ချိန်တည်းတွင် Move Forward ပါတီ ခေါင်းဆောင် ပီတာသည် ဖွေထိုင်း နှင့် ညွန့်ပေါင်းအဖွဲ့တွင် Move Forward ပါတီကို ဆက်လက်လက်တွဲထားရန် တိုက်ပွဲဝင်ခဲ့သည်။ သီတင်းပတ်ကုန်တွင် ပီတာသည် ကျေးလက်သို့သွားကာ ဖွေထိုင်းပါတီအနေနှင့် အစိုးရဖွဲ့ရန်ကိစ္စတွင် Move Forward ပါတီကို ပေးထားသည့်ကတိကို ဖွေထိုင်းအနေနှင့် လိုက်နာရန် မီဒီယာများနှင့် ၎င်း၏ထောက်ခံသူများကို ပြောဆိုခဲ့သည်။

“ ထိုင်းပြည်သူတွေကို ပေးခဲ့တဲ့ကတိကို ငါတို့ လိုက်နာရင် ဘယ်သူကမှ အနစ်နာခံနေစရာ မလိုပါဘူး” ဟု ပီတာက ချွန်ဘူရီပြည်နယ်တွင် ၎င်းကို ထောက်ခံသူများကို တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ဖွေထိုင်းနှင့် Move Forward ပါတီ အပါအဝင် ရှစ်ပါတီညွန့်ပေါင်းအဖွဲ့သည် ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်မှုမတိုင်မီ ၎င်းတို့၏မဟာဗျူဟာကို ဆွေးနွေးရန် အင်္ဂါနေ့တွင် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။


(ဓါတ်ပုံ)
ဖွေထိုင်းခေါင်းဆောင် ချိုလ်နန် စရီကယူး (Cholnan Srikaew၊) လက်ယာနှင့် ဘန်ဂျထိုင်းပါတီ (Bhumjaithai) ခေါင်းဆောင် အနုတင်ချန်ဗီရာကူလ် (Anutin Charnvirakul) တို့သည် ဇူလိုင် ၂၂ ရက်နေ့က တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 41 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 45 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 89 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 166 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 176 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 239 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 223 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့