နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

ဂျပန်

ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက်

ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို

ချီးမွမ်းခြင်းခံခဲ့ရသည်။

ရိုးရာထုတ်လွှင့်ရေးဌာန NHK ၏အဆိုအရ နပန်းပွဲနာမည် အာအိုနီရှိကိ(Aonishiki) ဟုလူသိများသော ယာဗူးစီရှင် ဒန်ညီလို (Yavhusishyn Danylo) သည် တနင်္ဂနွေနေ့က ကျင်းပသော နိုဝင်ဘာလ ဂရန်းဆူမိုပြိုင်ပွဲ (November Grand Sumo Tournament)တွင် အောင်ပွဲခံခဲ့သည်။ သူသည် အဆုံးအဖြတ်ပွဲတွင် ထိပ်တန်းအဆင့် (ယိုကိုးဇန) နပန်းသမားဖြစ်သည့် မွန်ဂိုလီးယားဖွား ဟိုရှိုးရူး (Hoshoryu) ကို အနိုင်ယူခဲ့သည်။

“စကားနဲ့ဖော်ပြလို့ မရတဲ့ ခံစားချက်ပါ” ဟု အာအိုနီရှိကိ က အနိုင်ရပြီးနောက် ပြောကြားခဲ့ကြောင်း NHK ၏ ဖော်ပြချက်အရ သိရသည်။ “ကျွန်တော့်ခန္ဓာကိုယ်ကို သူ့အလုပ်သူ လုပ်ခိုင်းလိုက်သလိုမျိုး ခံစားရတယ်၊ ကိုယ့်ခွန်အားကို သုံးလိုက်တာပဲ။ ကျွန်တော့်ဆရာပြောတာကို စူးစူးစိုက်စိုက် လုပ်ဆောင်ခဲ့တာ ဒီလိုရလဒ်ကို ဦးတည် စေခဲ့တာပါ”။

အသက် ၂၁ နှစ်အရွယ် သူသည် စစ်ပွဲကြောင့် မိခင်နိုင်ငံ ပျက်စီးနေချိန်တွင် ဂျပန်သို့ ရောက်ရှိ လာပြီးနောက် သုံးနှစ်အတွင်း ထုံးတမ်းစဉ်လာနှင့် ဓလေ့ထုံးတမ်းများဖြင့် သတ်မှတ်ထား သော ဤအားကစားလောက၌ သူ၏ ဥက္ကာပျံကဲ့သို့ တိုးတက်အောင်မြင်လာမှု ကို ဤအနိုင်ရပွဲက အဆုံးသတ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

သူသည် ယူကရိန်းနိုင်ငံတွင် ကလေးဘဝကတည်းက နပန်းနှင့် ဂျူဒိုကို စတင်ခဲ့သည်။ ထိုနိုင်ငံတွင် ကိုယ်ခံပညာသည် အချိန်ကြာမြင့်စွာ လူကြိုက်များခဲ့ပြီး၊ အိုလံပစ်ဆုတံဆိပ်ရ နပန်းသမားများစွာလည်း ထွက်ပေါ်ခဲ့သည်။ CNN ၏ မဟာမိတ်ဖြစ်သော အဆာဟီရှင်ဘွန်း (Asahi Shimbun) သတင်းစာ၏ အဆိုအရ အသက်ခုနစ်နှစ်အရွယ်တွင် ၎င်း၏ ဂျူဒို လေ့ကျင့်ရေးစခန်း၌ ဆူမိုအားကစားသမားများ လေ့ကျင့်နေသည်ကို မြင်တွေ့ပြီးနောက် သူသည် ဆူမိုကစားနည်းသို့ ကူးပြောင်းခဲ့သည်။

သူသည် အားကစားအတွက် အရည်အချင်းရှိကြောင်း လျင်မြန်စွာ ပြသခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဂျပန်၌ ကျင်းပသော ဂျူနီယာ ကမ္ဘာ့ဆူမိုချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယ နေရာရရှိခဲ့သည် – ထိုနေရာ၌ပင် ဂျပန်ဆူမိုနပန်းသမား အာရတာ ယာမနကာ (Arata Yamanaka) နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်သောအခါ ထိုအရာအားလုံး ရပ်တန့်သွားခဲ့သည်။ နပန်းလေ့ကျင့်ရေးစခန်းများ ဖျက်ဆီးခံခဲ့ရပြီး အားကစားသမားများနှင့် ၎င်းတို့၏ မိသားစုများသည် နိုင်ငံခြားသို့ ထွက်ပြေးခဲ့ကြသည် – Aonishiki လည်း ပါဝင်ခဲ့ပြီး သူ၏ မိသားစုသည် ဂျာမနီသို့ ပြောင်းရွှေ့ခဲ့သည်။

“ကျွန်တော့် အားကစားဘဝ ဒီမှာပဲ ပြီးဆုံးသွားမှာကို ရှက်စရာလို့ ထင်မိတယ်” ဟု Aonishiki က ဇူလိုင်လတွင် ထုတ်လွှင့်ခဲ့သော ၎င်း၏ခရီးစဉ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်တစ်ခုတွင် NHK သို့ ပြောကြားခဲ့သည်။ “ကျွန်တော် ဆူမိုကို သဘောကျတယ်၊ ကျွန်တော် ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တစ်နည်းနည်းနဲ့ ဆူမိုပြိုင်ဖို့ ကြိုးစားသင့်တယ်လို့ ခံစားရတယ်”။

ထို့ကြောင့် အသက် ၁၈ နှစ်အရွယ်တွင် သူသည် ဂျပန်သို့ တစ်ယောက်တည်း ရောက်လာခဲ့သည် – ထိုအချိန်က Kansai တက္ကသိုလ် ၏ ဆူမိုကလပ်ခေါင်းဆောင်ဖြစ်သူ သူငယ်ချင်း Yamanaka က ၎င်း၏မိသားစုအိမ်တွင် Aonishiki ကို နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး ယူကရိန်းနပန်းသမားအား တက္ကသိုလ်ကလပ်တွင် လေ့ကျင့်နိုင်ရန် စီစဉ်ပေးခဲ့သည်။

သူ၏ နပန်းသမား နာမည်သည် ယူကရိန်းအလံ၏ အရောင်တစ်ရောင်ဖြစ်သော အပြာရောင်” ဟု အဓိပ္ပာယ်ရသည်။

Aonishiki သည် နိုင်ငံသစ်နှင့် ဘာသာစကားသစ်ဖြင့် သူ၏ အားကစားဘဝကို ပြန်လည် စတင်ခဲ့သည်။ မကြာမီတွင် သူသည် ဂျပန်ဘာသာစကားကို ကျွမ်းကျင်လာပြီး စံချိန်တင် မြန်နှုန်းဖြင့် အဆင့်များ တက်လာခဲ့သည် – အကြီးဆုံး သို့မဟုတ် အလေးဆုံး (သူသည် ၁၄၀ ကီလိုဂရမ် သို့မဟုတ် ၃၀၈ ပေါင်သာ ရှိပြီး ထိပ်တန်းအဆင့် ဆူမိုနပန်းသမားများ၏ ပျမ်းမျှ အလေးချိန်ထက် နည်းပါးသည်) မဟုတ်သော်လည်း တက္ကသိုလ်မှ သူ၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။

နောက်ဆုံးတွင် သူသည် တိုကျိုအခြေစိုက် အာဂျီဂါဝါ(Ajigawa) လေ့ကျင့်ရေး‌ဂေဟာ သို့ ပြောင်းရွှေ့နေထိုင်ကာ အသက်မွေးဝမ်းကျောင်းပညာအဖြစ် လေ့ကျင့်ယှဉ်ပြိုင်ခဲ့သည်။ တနင်္ဂနွေနေ့ပြိုင်ပွဲ၌ သူသည် ပြိုင်ပွဲ ၁၃ ကြိမ်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီးနောက် တတိယ အမြင့်ဆုံးအဆင့်ဖြစ်သော ဆေကီဝါကေး(Sekiwake) အဆင့်သို့ ရောက်ရှိခဲ့သည် – ၎င်းသည် အဆင့် သတ်မှတ်ချက်များ မကြာခဏ အတက်အကျရှိပြီး ပြိုင်ပွဲစွမ်းဆောင်ရည်ပေါ် မူတည်၍ နပန်းသမားများ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အဆင့်လျှောချခြင်း ခံရနိုင်သော အားကစားတစ်ခုတွင် စံချိန်တင်မြန်နှုန်းဖြစ်သည်။

Aonishiki တနင်္ဂနွေနေ့တွင် အနိုင်ရပြီးနောက်၊ အမျိုးသား ဆူမိုအုပ်ချုပ်ရေးအဖွဲ့သည် ဒုတိယအမြင့်ဆုံးဘွဲ့ဖြစ်သော အိုးဇေကီ (Ozeki )သို့ ရာထူးတိုးမြှင့်ရေးကိစ္စ ဆွေးနွေးရန် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း NHK ၏အဆိုအရ သိရသည်။

သို့သော် ယူကရိန်းနပန်းသမားက နောက်ထပ် တစ်ဆင့်တက်လိုသည်။ “ဒီအဆင့်အထက်မှာ နောက်ထပ် တစ်ဆင့် ရှိသေးတယ်၊ အဲဒါကို ရည်မှန်းချင်ပါတယ်” ဟု သူက ပြောကြားခဲ့ပြီး၊ ထိပ်တန်းဘွဲ့ဖြစ်သော ယိုကိုးဇန(Yokozuna)အဖြစ်ရောက်ရှိရန် ကို မျက်ခြည်မပြတ်သော ခိုင်မာသည့်ရည်မှန်းချက်ရှိနေသည်။

ယူကရိန်း ဆူမိုနပန်းသမား Danylo Yavhusishyn (သူ၏ ဂျပန်နပန်းပွဲနာမည် Aonishiki ဟု လူသိများသည်) သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖူကူအိုးက (Fukuoka) တွင်ကျင်းပသော ဂရန်းဆူမိုပြိုင်ပွဲ၌ အနိုင်ရရှိပြီးနောက် ဂျပန်ဝန်ကြီးချုပ်ဖလား ဆုတံဆိပ် ကို လက်ခံရယူနေသည်။(ပုံ)

အာအိုနီရှိကိ (Aonishiki) သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖူကူအိုးက တွင်ကျင်းပသော ဂရန်းဆူမိုပြိုင်ပွဲအတွင်း ပြိုင်ဘက် ကိုတိုဇာကုယာ (Kotozakura) နှင့် ယှဉ်ပြိုင်နေစဥ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက