နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ၊ နိုင်ငံတော်လုံခြုံရေး နှင့် တရားဉပဒေစိုးမိုးရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ခဲ့ကြသောသံဃာ နှင့် လူပုဂ္ဂိုလ် ရာနှင့်ချီကို စစ်ကောင်စီက ဆုတံဆိပ်များချီးမြှင့်

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားကိုးကွယ်‌ရေးလုပ်ငန်းများ နှင့် နိုင်ငံတော် လုံခြုံရေး နဲ့ တရားဉပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ခဲ့ကြတဲ့
သီတဂူဆရာ​တော် အပါအဝင် သံဃာတော်များ ၊ MEC ဥက္ကဋ္ဌ နဲ့ လူပုဂ္ဂိုလ် ရာနှင့်ချီကို စစ်​ကောင်စီဆုတံဆိပ် များ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီက သီတဂူ ဆရာတော်အပါအဝင် ဆရာတော်ကြီး ၂၆ ပါးနဲ့ စစ်ဗိုလ်ချုပ်၊ ရဲ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ပေါင်း ရာနဲ့ချီကို စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်တွေချီးမြှင့်ခဲ့တာပါ။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အဖြစ် စစ်မြေပြင်တိုက်ခိုက်ရေးမှာ ထူးချွန်သူတွေကိုချီးမြှင့်တဲ့ ရဲသူရနဲ့ ရဲဗလတံဆိပ်တွေ ပေးခဲ့တာကို ဇူလိုင် (၂၃)ရက် ထုတ်ပြန်ချက်အရတွေ့ရပါတယ်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သရေစည်သူဘွဲ့ကို နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်အပါအဝင် ဆရာတော်ကြီး ၄ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို စစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပြင် အင်ဂျင်နီယာကောင်စီနာယကအပါအဝင် ၅ ဦးဟာလည်း သရေစည်သူဘွဲ့ကို ဆရာတော်ကြီးတွေနဲ့အတူရခဲ့တာဖြစ်ပါတယ်။

ဒါ့့အပြင်မြန်မာ့စီးပွားရေကော်ပိုရေးရှင်း က အရာရှိကြီး ၅ ဦးနဲ့ အင်းဝဘဏ်အထွေထွေမန်နေဂျာကိုပါ စီမံထူးချွန်တံဆိပ်ပေးခဲ့သလို ပုဂ္ဂလိကကုမ္ပဏီပိုင်ရှင် တွေကိုလည်း လူမှုထူးချွန်ဂုဏ်ပြု တံဆိပ်တွေကို စစ်ကောင်စီက ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Era’sEye / Photo – PopularNews (CRD)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 8 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 52 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လပခကို နံနက် (၁)နာရီလောက်က ရှော့တိုက်ဒုံး
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 35 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ စိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ့် မကွေးတိုင်းရှိ စလင်းမြို့နဲ့ ပွင့်ဖြူမြို့အပါအဝင် မြို့နယ်
မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 57 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 27 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို ဘယ်လို သေနင်္ဂဗြူဟာ တွေချမှတ်ဆောင်ရွက်နေတယ်လို့မြင်သလဲ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ  နောက်ပိုင်းသူတို့ရှင်သန်နိုင်ပါ့မလားဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့